❤❤Meeting With ရှင်းခန့်ကျော် and မင်းခန့် ❤❤
ရှင်းခန့်လည်း ပထမတော့ သတိုးကို စောင့်ပီး ခွက်တွေ သွားသိမ်းမို့ပေမယ့် သူကလည်း အလုပ်တေမပြီး အိမ်မှာပ အမေကလည်း သိပ်ပီးနေမကောင်းတာကြောင့် သူပဲ မြန်မြန်သိမ်းလိုက်မယ်ဆိုပီး ထွက်လာခဲ့တယ်
သတိုးကိုလည်း သူအများကြီး မခိုင်းချင် တဦးတည်းသောသားမို့ အိမ်မှာ အလိုလိုက်ခံထားရတာမလား သူ့ကိုအကိုလိုသဘောထားလို့သာ ဒီလို ပင်ပန်းတဲ့ အလုပ်ကို သူနဲ့ လာကူလုပ်နေတာပဲ ဖြစ်သည်ဟု ယူဆပီး ပြုံးပြကာ ထွက်လာခဲ့တယ်ဒီလိုနဲ့ ဘီယာဘားကနေ သူလှည့်ထွက်ပီး တနေရာအရောက် တွင်တော့
#ခွမ်း ခွပ် ခွပ်
စတဲ့ ဖန်ခွက်ကွဲသံတွေ သတ်ပုတ်သံတွေက သူ့ကို ဆီးကြိုနေလေရဲ့
သူလည်း ပထမတော့ ဝင်မပါဖို့ ဆုံးဖြတ်ပီးလှည့်ထွက်မယ်လုပ်ပီးမှ လူတွေ ဝိုင်းချုပ်ပီး အထိုးခံနေရတဲ့ လူတယောက်ရဲ့ မျက်နှာကို မြင်ပီး သူအံသြသွားတယ်
ရှင်းခန့်စိတ်ထဲတွင် သူ့ကို မြင်ဖူးသလိုလိုတော့ ဖြစ်သွားတယ် တနေရာတွင် ရင်းရင်းနှီးနှီး ကို မြင်ဖူးသလို ဖြစ်သွားတယ်❤❤Start of flashback❤❤
ဇူးဇူးရေ စုတို့ရော ဆိုပီး မင်းခနိ့ကမေးလိုက်တယ်
မင်းခန်ု့တိုရယ် စုလှိုင်ရယ် ဇူးဇူးဇင်ရယ် သဉ္ဇာရယ်တို့က Bff 6ယောက်ပေါ့ ပြောမနာဆိုမနာသုံးယောက်ပေါ့
အခုလည်း စုတို့နှစ်ယောက်ပျောက်နေတော့ မင်းခန့်နဲ့ သွေးသစ်တို့က မေးနေတာပေါ့
"ဟဲ့ နင်တို့ကလည်းလေ အပြင်လေးဘာလေးနားစွင့် ဒီနေ့ဘောလုံးပွဲလေ အဲ့ဒါသွားကြည့်တယ် YUနဲ့ UFLနဲ့ ကန်မှာလေ "
"Awwဟုလား ငါတို့ကျောင်းကန်မှာလား သူတို့က သွားအားပေးတာလား ငါတို့လည်း လိုက်သွားရအောင် သွေးသစ်ကားနဲ့ "လို့မင်းခန့်ကတက်ကြွနေလေရဲ့
ဇူးဇူးလည်း ပေစောင်းစောင်းနဲ့ကြည့်ပီး
"ပြောတာတောင်နောက်ကျနေတယ် ငါလည်းခုသွားမို့ "
"လာ...အာ့ဆို ကားပေါ်သွားမယ်လေ နီးနီးလေးပေမယ့် ပီးရင် ကားပတ်စီးမယ် ဟာ...."လို့သွေးသစ်လည်းခေါ်တော့ သူတို့တွေပျော်ပျော်ပါးပါးနဲ့ ကားပေါ်တတ်ခဲ့ပီး Mainထဲကနေတဆင့် သထုံလမ်းလေးထဲကို ကားဖြူလေးက တက်တက်ကြွကြွ မောင်းနှင်သွားတော့တယ် သူငယ်ချင်းဘဝက ပျော်စရာကောင်းတယ် မမေ့နိုင်တာလေးတွေ ဖန်တီးလို့ရတယ် အမှတ်ရစရာတွေ လုပ်လို့ရတယ်
တခုပဲ သူတို့တွေ အနေဝေးလို့ သွေးမအေးခင်အထိပေါ့❤❤
👊👊👊👊👊👊👊👊👊👊👊👊👊👊👊👊
"သတိုးမြန်မြန်လျှောက်ပါကွ အကိုတို့နောက်ကျနေပီ"
ဘဝမှာ ပျော်ရွှင်မှုထက် မိမိဘဝနဲ့ မိသားစု.အရေးက အရမ်းအရေးကြီးတဲ့အတွက် ရှင်းခန့်တယောက် သူနဲ့ အလုပ်တူတူ.လုပ်တဲ့ သတိုးကိုခေါ်ရင်း မြန်မြန်လျှောက်နေလေရဲ့
ကြည့်လက်စ ဘောလုံးပွဲလေးတောင် ကြည့်ချင်ရက်နဲ့ ထားပစ်ခဲ့ရတဲ့အဖြစ် ရှင်းခန့်ကိုယ့်ကိုကိုယ်လည်း စိတ်မကောင်းဖြစ်မိတယ်
"ကိုရှင်းဖြေးဖြေးလျှောက်ပါဗျ အိမ်ကကားနဲ့သွားမယ်ဆိုတော့မသွားပဲနဲ့ "ဆိုပီး နှုတ်ခမ်းဆူပီး ပြောလေရဲ့ 😦😦😦
"Awwသတိုးကလည်းကွာ အကိုက ညီလေးရဲ့ အကူအညီတွေ များနေလို့ပါ မယူချင်တော့လို့ ကျောင်းသွားတော့လည်း ညီလေးပဲ လာခေါ်တာလေ ကိုယ်လည်း အားနာလို့ပါ ဒါနဲ့ကိုမေးပါဦးမယ် ညီလေးကဘာလို့ အကိုနဲ့ အလုပ်တွေအကုန်လုံးပင်ပင်ပန်းပန်းလိုက်လုပ်နေတာလဲ😯😯😯.."
Awwကိုရှင်းရယ် အဲ့ဒါကကိုရှင်းအနားအမြဲကပ်နေချင်လို့ပါ
ကိုရှင်းကို အမြဲမြင်ချင်လို့
ကိုရှင်းရဲ့ ကိုယ်သင်းနဲ့လေး အမြဲရှူရှိုက်ချင်လို့ လို့သတိုးစိတ်ထဲမှာအကြိမ်ကြိမ်ပြောနေမိတယ် အဲ့ဒီခံစားချက်ကြီးက မှားတယ်ဆိုပေမယ့် ကိုရှင်းအတွက်ဆို အမြဲအမှားခံပါ့မယ်လို့ သတိုးစိတ်ထဲမှာပြောနေပေမယ့် အပြင်မှာတွင်တော့
"ကိုရှင်းရယ် အိမ်မှာက ပျင်းတယ် ပီးတော့ အိမ်ကမုန့်ဖိုး လက်ဖြန့်မတောင်ူချင်ဘူး မာနထိတယ်ဗျ ရှင်းလားဆိုပီး ရှင်းခန့်ဝယ်ပေးထားတဲ့ ဦးထုပ်လေး ဆောင်းရင်းပြောလိုက်တယ်
သတိုးမွေးနေ့က ရှင်းခန့်ကမှတ်မှတ်ရရ ဒီဦးထုပ်အနီလေးကို မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးခဲ့တယ် သတိုးအရမ်းပျော်မိတယ် ကိုယ်မြတ်နိုးတန်ဖိုးထားကတဲ့ လူဆီက ဒီလိုမှတ်မှတ်ရရ လက်ဆောင်တွေရလို့ ဘယ်သွားသွား ဒီဦးထုပ်လေးနဲ့ပဲ အရပ်ပုပု အသားဖြူဖြူလေးဆိုတော့ ဦးထုပ်လေးနဲ့ တကယ်လည်း လိုက်တယ်
ကိုရှင်းခင်ဗျား အရမ်းအရွေးတော်တယ်ဗျာ...😂😂😂
ရှင်းခန့်လည်း သတိုးပြန်ဝယ်ပေးထားတဲ့ ဦးထုပ်လေးကို ခပ်ငိုက်ငိုက်ဆောင်းရင် သတိုးဦးထုပ်လေးကို လုပီးထက်ပြေးတယ်
YOU ARE READING
💟လှပသော နေ့ရက်လေးများ💟BL Novel
Romance💏💏မနေ့ကဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့💏💏 💏မနက်ဖြန်တိုင်းကတော့ သာယာလှပနေဆဲပင်💏💏