Part~3

1K 85 7
                                    

"Yuri-ya ~~~~~~"

ရင်းနှီးကျွမ်းဝင်လွန်းလှတဲ့အသံကြောင့် Yuriအံသြတကြီးမော့ကြည့်မိလိုက်သည် ...

"ဟင် ~~~ နင် ~~~ O.O "

ထိုသူကတော့တခြားသူမဟုတ်ပါ Dr. Park Hyomin ပဲဖြစ်ပေသည် ... yuri နဲ့ hyomin တို့၂ယောက်က ငယ်ငယ်လေးကတည်းက အရမ်းရင်းနှီးကြတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသည် ... ကြီးလာတော့ စာအရမ်းတော်တဲ့ hyominက ဆေးတက္ကသိုလ်တက်ခဲ့သလို yuriကတော့သူဝါသနာပါတဲ့ အဆိုတော်လိုင်းကိုလိုက်ခဲ့သဖြင့် သူငယ်ချင်း၂ယောက်အနေဝေးခဲ့ကြရသည် ... နောက်ပိုင်း hyominက အင်္ဂလန်ကိုပညာတော်သင်ထွက်သွားသဖြင့် ၂ယောက်သားအဆက်အသွယ်ပါပြတ်ခဲ့ကြသည် ... လွန်ခဲ့တဲ့နှစ်က hyomin ကိုရီးယားပြန်ရောက်တာကိုသတင်းကြားခဲ့ပေမယ့် အလုပ်များသူတွေပီပီ တွေ့ဆုံဖို့အချိန်မရခဲ့ပါ ...အခုလိုပြန်ဆုံရတော့ လူနာနဲ့ဆရာဝန်အနေအထားဖြစ်နေခဲ့သည် ... yuriလည်း ပထမဆရာဝန်ညွှန်၍သာလာခဲ့ရတာ စိတ်နဲ့ကိုယ်နဲ့မကပ်လှသဖြင့် ဆရာဝန်နာမည်ကိုတောင်သေချာမကြည့်မိပေ ...

"Hyomin-na ... နင်ဖြစ်နေတာကိုး"

yuriတို့၂ယောက်သား တင်းကြပ်စွာပွေ့ဖက်မိကြသည် ... ချစ်လှစွာသောသူငယ်ချင်းရဲ့ရင်ခွင်ဟာ အခုအချိန်မှာ သူ့အတွက်တော့အနွေးထွေးဆုံးဖြစ်မှာပါ ...

"နင်ဒီကိုပြန်ရောက်တာကြားသားပဲ ... ငါလည်းမအားတာနဲ့ နင့်ဆီမဆက်သွယ်ဖြစ်တာ"

"ငါလည်းတူတူပါပဲဟာ ... လူနာတွေနဲ့ပတ်ချာလည်ရမ်းနေတဲ့အပြင် မဟာဘွဲ့ကျောင်းသားတွေကိုလည်း superviseလုပ်ပေးနေရသေးတော့ တကယ်မအားဘူးဟာ ... ထိုင်ပါဦးသူငယ်ချင်းရာ ..  လူနာလည်းကုန်ပြီဆိုတော့ အေးအေးဆေးဆေးစကားပြောကြတာပေါ့"

သူငယ်ချင်း၂ယောက်သားမျက်နှာချင်းဆိုင်ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရယ်မောပျော်ရွှင်မိကြသည် ... ဟိုဟိုဒီဒီပြောပြီးတဲ့နောက်မှာတော့ yuriလာရင်းကိစ္စကိုပြောဖို့အချိန်တန်လေပြီ ...

"yuri-ya .... နင်ဘာဖြစ်နေလို့လဲ ... နေမကောင်းဘူးလား"

yuri သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး hyominကို ဝမ်းနည်းအားငယ်နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်လိုက်မိသည် ...

DivineNơi câu chuyện tồn tại. Hãy khám phá bây giờ