Final

1.6K 125 28
                                    

'Fany ဘာတွေစဉ်းစားနေတာလဲ?'

ကုတင်ပေါ်မှာထိုင်ရင်း ငူငူငိုင်ငိုင်ဖြစ်နေတဲ့ Fanyပုခုံးလေးကို Taeyeon ဖက်ထားလိုက်သည် ။

'Tae! Yuri IG updateလုပ်ထားတာတွေ့ပြီးပြီလား?'

'ဟင့်အင်း မကြည့်ရသေးဘူး! ဘာတွေတင်ထားတာလဲ?'

'ဒီမှာကြည့်'

Taeလည်းFanyလက်ထဲကဖုန်းကိုယူကြည့်လိုက်သည် ။
Yuriက ပုံနှစ်ပုံနဲ့အတူ စာအရှည်ကြီးရေးထားသည် ။ ပထမပုံက Yuriနဲ့Sica မင်္ဂလာပွဲမှာသစ္စာဆိုနေတုန်းရိုက်ထားတဲ့ပုံ ။ ဒုတိယပုံကတော့ သူတို့ကိုးယောက်လုံးတစ်စုတစ်စည်းထဲ ရိုက်ထားတဲ့ပုံလေး ။ Yulsicကိုအလယ်မှာထားပြီး ကျန်တဲ့သူတွေကဘေးမှာခြံရံထားလျက် ။ သူတို့အားလုံးပြုံးလို့ပျော်လို့ ။ အချိန်တွေကြာပြီးမှ ပြန်လည်ရိုက်ကူးဖြစ်တဲ့ groupပုံလေးပေါ့ ။

Yuri's IG Post ...

အားလုံးပဲ မင်္ဂလာပါ ။ အချိန်အကြာကြီးပစ်ထားမိတဲ့အတွက် တောင်းပန်ပါတယ် ။ ကျွန်မပျောက်နေတဲ့အချိန်အတောအတွင်းမှာ ကိစ္စတွေအများကြီးဖြစ်ပျက်သွားခဲ့တယ် ။ အပြင်မှာ ကြားနေရတဲ့သတင်းတွေအတိုင်းပဲ ကျွန်မရဲ့ကျန်းမာရေးအခြေအနေကြောင့် activityတွေအကုန်ရပ်နားခဲ့ရတာပါ ။ အဖြစ်မှန်ကို မပြောပဲဖုံးကွယ်ထားမိအတွက် တောင်းပန်ပါတယ် ။ Soneတွေအားလုံးကျွန်မကြောင့်စိတ်မချမ်းမသာဖြစ်ရမှာပါ မလိုလားလို့ပါ ။ ကျွန်မကိုနားလည်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ ပြီးတော့ သတင်းကောင်းလေးတစ်ခုပြောချင်လို့ပါ ။ အပေါ်ကပုံတွေကိုတွေ့ကြတယ်ဟုတ် ။ fan editလုပ်ထားတဲ့ပုံတွေမဟုတ်ပါဘူးနော် ။ တကယ့်ပုံအစစ်တွေပါ ။ မနေ့က ကျွန်မမွေးနေ့မှာပဲ မွေးရပ်မြေကဘုရားကျောင်းလေးမှာ ကျွန်မသိပ်ချစ်ရတဲ့ Jessica Jung Sooyeonနဲ့လက်ထပ်ပြီးစီးခဲ့ပါပြီ ။ အရမ်းကိုပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ရတယ် ။ အကျဉ်းချုံးလုပ်တဲ့မင်္ဂလာပွဲမို့လို့ အပြင်ဧည့်သည်တွေအများကြီးမပါပါဘူး ။ soshi memberတွေရယ် မိသားစုဝင်တွေရယ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတချို့လောက်ပဲ ရှိနေခဲ့တယ်လေ ။ YulSic is more than realဆိုပြီး ကွန်မတို့ကို ထောက်ခံခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။ အခုကျွန်မတို့ပျော်စရာကောင်းတဲ့အိမ်ထောင်တစ်ခုကိုဖန်တီးတော့မှာပါ ။ ကျန်နေတဲ့နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းသွားမှာမို့လို့ ကျွန်မကိုစိတ်မပူပါနဲ့နော် ။ ပရိသတ်အားလုံးလည်း သာယာပျော်ရွှင်စရာကောင်းတဲ့ဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေ ။ ကျွန်မနှုတ်ဆက်ခဲ့ပါတယ် ။

DivineWhere stories live. Discover now