Part~12

1K 107 27
                                    

'Sooyeon na ...'

'Y .. Yuri ... '

သူဘာလာလုပ်တာလဲ ...
Sica ခြေနှစ်လှမ်းလောက်
နောက်ဆုတ်မိသွားသည် ...

'နင်ဘာလာလုပ်တာလဲ???'

'ငါ .. ငါ နင်နဲ့စကားပြောချင်လို့ပါ ... '

နေဦး ..
သူ့အသံကတိုးညှင်းစွာအက်ကွဲလျက်
သူငိုထားတာလား ...
အို ...
ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့မှမဆိုင်တာ ...

'ငါနင်နဲ့ပြောစရာမရှိဘူး'

'ခနလေးပါဟာ ... နောက်ဆုံးအနေနဲ့
စကားနည်းနည်းလောက်ပြောပါရစေ ...'

နောက်ဆုံးတဲ့လား!!!!
ဟုတ်ပါတယ်လေ ... ဒီတစ်ခါနောက်ဆုံးဖြစ်မှာပါ

'ကောင်းပြီလေ .. ဘာပြောမှာလဲ ..'

'ငါတို့ပန်းခြံထဲမှာ ခနလောက်ထိုင်ရအောင် ..'

ပန်းခြံလေးဆီကိုသွားတဲ့လမ်းတလျှောက်လုံး
ဘယ်သူကမှစကားစမပြောဖြစ်ပါ ...
ဘေးချင်းကပ်ရပ်လျှောက်နေတာမို့လို့
တစ်ချက်တစ်ချက်လက်ဖမိုးချင်းက
ထိကပ်သွားကြသေးသည် ...
ဒီလိုအထိအတွေ့သေးသေးလေးကတောင်
ရင်ခုန်အောင်လုပ်နိုင်စွမ်းရှိသေးသည် ...

ပန်းခြံအလယ်ခေါင်ကခုံလေးမှာထိုင်တော့
Yuriကသူဝတ်လာတဲ့ဂျာကင်ကိုချွတ်ပြီး
Jessicaပုခုံးပေါ်အလိုက်သိစွာခြုံပေးလိုက်သည် ...

'ခြုံထားလိုက် နင်အေးနေလိမ့်မယ်'

ဂျာကင်မှာပါလာတဲ့ Yuriရဲ့
ကိုယ်သင်းရနံ့လေးကိုခိုး၍ရှူရှိုက်မိသည် ...
လွမ်းနေခဲ့တာ ...

ငါ့ကိုခုထိဂရုစိုက်ပေးနေတဲ့နင်က
နောက်ဆုံးတွေ့ခဲ့တဲ့အခေါက်က
ဘာလို့များသူစိမ်းဆန်ခဲ့ရတာလဲ ...
နင့်ကိုငါတကယ်နားမလည်နိုင်တော့ဘူး Yuriရယ် ...

'နင်ကရော?? နင်လည်းအေးနေမှာပေါ့ ..'

Jessica တီးတိုးပြောသံက
Yuriကြားဖို့လုံလောက်ခဲ့ပါသည် ...
Sica သူ့အတွက်စိတ်ပူပေးနေတာလား ...

DivineNơi câu chuyện tồn tại. Hãy khám phá bây giờ