Part~11

922 100 19
                                    

နာရီဝက် လေးဆယ့်ငါးမိနစ်ကြာတဲ့အထိ
Sicaရေချိုးခန်းထဲကထွက်မလာသဖြင့်
Krystal စိတ်ပူလာသည် ...
ရေချိုးခန်းတံခါးကိုခေါက်ကြည့်တော့
အထဲကနေပြန်ထူးသံမကြားရပေ ...
တံခါးကစေ့ရုံလေးစေ့ထားခြင်းဖြစ်သည် ...
Krystal တံခါးကိုအသာလေး
ဖွင့်ကြည့်လိုက်တော့ အထဲမှာ........

'unnie!!!!!'

ရေပန်းအောက်မှာထိုင်ငိုနေတဲ့ Jessica ...
ဘယ်အချိန်ထဲကဒီလိုလုပ်နေလဲမသိပါ
နှုတ်ခမ်းပါးလေးတောင်ပြာနှမ်းနှမ်းဖြစ်နေပြီး
တစ်ကိုယ်လုံးလည်းတဆတ်ဆတ်တုန်ရင်နေသည် ...

Krystal ရေပန်းကိုပိတ်လိုက်ပြီး

'unnie ... ဘာဖြစ်လို့ဒီလိုတွေလုပ်နေတာလဲ?
ထ .. ထ ... အအေးတွေပတ်ကုန်တော့မှာပဲ'

Jessicaပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး
ကိုယ်လုံးလေးကိုရင်ခွင်ထဲထည့်ကာ
ခဏလောက်ပွေ့ဖက်ပေးထားခဲ့သည် ...
Krystalရင်ခွင်ထဲမှာJessicaကလေးတစ်ယောက်လို
ရှိုက်ကြီးတငင်ငိုကြွေးလို့နေပြန်သည် ...
အတန်ကြာတော့မှ ...

'unnie ... အဝတ်အစားလဲရအောင်နော်
ဒီအတိုင်းနေရင် unnieဖျားသွားလိမ့်မယ်'

အနားကစင်ပေါ်မှာတင်ထားတဲ့သဘက်တစ်တည်နဲ့
Jessicaကိုယ်ပေါ်ကိုရစ်ပတ်ပေးလိုက်သည် ...
Krystalလက်ကိုအားပြုကိုင်ရင်း Jessica
ရေချိုးခန်းထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့သည်

Krystal Jessicaကိုအင်္ကျီလဲပေးပြီး
သူကိုယ်တိုင်လည်းအင်္ကျီလဲဝတ်လိုက်ရသည် ...
Sicaကိုဖက်ထားရင်းသူပါရေတွေစိုခဲ့သည်မဟုတ်လား

Sica အတွက်အချမ်းပြေကော်ဖီဖျော်ပေးရင်း
ထမင်းစားပွဲမှာမျက်နှာချင်းဆိုင်မိတော့
Sicaက သူ့ကိုမကြည့်ရဲသည့်အလား
ခေါင်းကိုငုံ့ထားသည် ...

'ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ??'

Jessica အသံကတိုးလွန်းလှသည် ...

'ဘယ်လိုဖြစ်ရမှာလဲ!!! ကိုယ့်အစ်မအိမ်လာတာပဲ
ကိစ္စရှိမှလာရမှာလား '

DivineNơi câu chuyện tồn tại. Hãy khám phá bây giờ