Part~7

1K 106 13
                                    

"Sooyoung-na ... yuri-ya ...
ငါတို့နဲ့ sicaနဲ့ ထိပ်တိုက်တွေ့ရတော့မယ်ထင်တယ် ..."

" ဟင် ~~~~~~"

"ဘာဖြစ်လို့လဲ Sunny-ya ... ငါတို့က ဘာလို့
sicaနဲ့ ထိပ်တိုက်တွေ့ရမှာလဲ "

မနေနိုင်တော့တဲ့ Tiffanyက ဝင်မေးလိုက်သည် ...

"ခုပဲ ငါ့ဆီကို manager ဖုန်းဆက်လာတယ် ...
Taeyeonဖုန်းက စက်ပိတ်ထားလို့တဲ့ ...
ငါတို့နောက်အပတ် fan meetingလုပ်မယ့်နေရာမှာ
sicaကလည်း fan meetingလုပ်မှာတဲ့ဟ ...
တစ်နေ့တည်း တစ်နေရာတည်းကို ...
အချိန်ကတော့ ငါတို့ပွဲပြီးမှသူ့ပွဲကစမှာ ..
အခု ကုမ္ပဏီမှာ ဘိုးတော်ဝုန်းဒိုင်းကျဲနေတယ်တဲ့ ..
ငါတို့ကို sicaနဲ့မတွေ့ရအောင် လိုက်ပိတ်ပင်ထားတာ
ခုလိုကျတော့ သူဘာမှမလုပ်နိုင်တော့ဘူးလေ ...
ကောင်းလိုက်တာ ... "

"sunny bunnyကလည်း နေရာတူပေမယ့်လည်း
sicaနဲ့ ငါတို့နဲ့က တွေ့ချင်မှတွေ့ရမှာပါဟာ .....
ဒီလောက်ကျယ်တဲ့နေရာကြီးကို ..... "

"အို ... ဘာပဲပြောပြောလေ ...
ဖြစ်နိုင်ခြေက 50%ရှိတယ်ပြောရမှာပေါ့ ...
ငါကတော့တွေ့ချင်တယ် ... ဘယ်သူတားတား
ရအောင်သွားတွေ့မှာပဲ "

"ငါတို့ရောပဲ !!!!!"

ကျန်တဲ့သူတွေ အလုအယက်ပြောဆိုနေကြပေမယ့်
Yuriကတော့ သူ့အတွေးလေးနဲ့သူ ငြိမ်နေလိုက်သည် ..
ကျိန်းသေမပြောနိုင်ပေမယ့် အကယ်၍များသာ
Jessicaနဲ့သူတို့ မျက်နှာချင်းဆိုင်ဆုံခဲ့သော်
Jessicaဘက်က ဘယ်လိုများတုံ့ပြန်လိမ့်မလဲ ???
အဲ့ဒီညကလို အမုန်းတွေပြည့်နှက်နေတဲ့
အကြည့်တွေကိုသာ ရင်ဆိုင်ရလေမလား ???
ဘာပဲပြောပြော Jessicaနဲ့တွေ့ရနိုင်တယ်ဆိုတဲ့
အသိလေးတစ်ခုနဲ့တင် ရင်ခုန်နေမိခဲ့သည် ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

@Jessica's office ~~~~

ဒေါက် ... ဒေါက် ... ဒေါက်

"ဝင်ခဲ့ပါ"

"Sica-ya ~~~~~~ "

"O.O Hmmm ... Tyler oppa !!!
oppaကဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ ???
ဖုန်းတောင်ကြိုမဆက်ဘူး"

DivineWhere stories live. Discover now