ကမ္ဘာကြီးက လုံးတယ်ဆိုတဲ့
အဆိုကို ကိုယ်လက်ခံခဲ့တယ်။
ကျောခိုင်းပြီး လျှောက်ခဲ့ကြလည်း
တစ်နေ့မှာ ကိုယ့်ရှေ့မင်းပြန်ရောက်လာမယ်လို့
မျှော်လင့်နေတုန်းပဲ…ဟန်နီ။
ဒါပေမယ့် ကိုယ်တို့နှစ်ယောက်လုံး နောက်ပြန်မကြည့်ဖြစ်ကြဘူးနော်။
ခြေတလှမ်းစာအကွာအဝေးနဲ့ ကိုယ်တို့တစ်ဘဝလုံး ဝေးခဲ့ကြတာက ရင်နာဖို့မကောင်းဘူးလား။
မင်းဖြစ်ဖြစ် ကိုယ်ဖြစ်ဖြစ် တစ်ယောက်ယောက်က အလျှော့ပေးခဲ့ရင်ဆိုတဲ့ နောင်တမျိုးနဲ့ ကိုယ့်မှာ ညတိုင်းငိုရပါတယ်။#edit