စောက်ရေးမပါဘူးလို့ ကျိန်ဆဲမိတဲ့ ချစ်ခြင်းတွေထဲမှာ အကြောက်တရားကိန်းအောင်းနေတဲ့ အကြောင်း ဝန်မခံချင်ခဲ့ဘူး။
ဘယ်နှစ်ကြိမ်သေပေးမှ တကယ်သေသွားတယ် ဆိုနိုင်မှာလဲ။
အဆုတ်တွေ အလုပ်မလုပ်တော့တဲ့အထိ အသက်ရှုခြင်းကို မေ့ထားလဲ ရင်ထဲနာနေတာကပျောက်မသွားဘူး…။
စိတ်ကူးနဲ့သောက်ဖြစ်တဲ့ စီးကရက်တွေနဲ့အတူတူ လူမသိသူမသိအငွေ့ပျံသွားရပါစေ…။
ဆုတောင်းတွေက တကယ်အလကားပဲ။
ဘုရားရှင်ဟာ မတရားဘူးလို့ အပြစ်တင်ရုံအပြင် ဘာမှမတတ်နိုင်ခဲ့။