နေဝင်ချိန်ကို ငေးပြီး
တစ်ယောက်ယောက်ကို ထိုင်လွမ်းနေတာမျိုး မလုပ်ဖြစ်တာကြာပြီ အချစ်ရေ
ကြယ်တွေကို ကိုယ်မနှစ်သက်တော့ဘူး…။
လွင့်မြောနေတဲ့ တိမ်တွေကို ဖမ်းဆုတ်မယ့်အစား
ပိုးထိုးနေတဲ့ သစ်ရွက်ကို ဖဲ့ခြွေလိုက်တော့
နှင်းဆီပင်လေး ပိုလှသွားသလိုပေါ့…။
ကိုယ့်ကိုယ်ကိုပဲ ချစ်လိုက်တဲ့အခါ ဘဝကနေပျော်သွားတယ်…။
