ဒီချောက်က သိပ်နက်မှန်းသိတာတောင်
ခုန်ချလိုက်ဖို့ မင်းအပြုံးတစ်ခုပဲ ကိုယ်တောင်းဆိုခဲ့တာပါ။
ကိုယ့်အတွက် မဟုတ်ခဲ့တဲ့ အပြုံးတွေထဲ လက်ပစ်ကူးခဲ့ရတဲ့ ကိုယ့်ကို နည်းနည်းလေးတောင် မသနားချင်ခဲ့ဘူးလား။
မင်းကြောင့် လူတစ်ယောက် သေလုမြောပါးဖြစ်နေရပါတယ်ဆိုတဲ့စကားက ပြက်လုံးတစ်ခုထက်မပိုခဲ့ဘူးပေါ့။
ရယ်နေတဲ့မင်းကို ကြည့်ပြီး သွေးတစက်စက်ယိုနေတဲ့ ကိုယ့်အဖြစ်ကို လျစ်လျူရှုရပါတယ်။
တစ်နေ့တော့ ဝဋ်လည်ပါစေဆိုတဲ့ ကျိန်စာတွေကလဲ ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်နေတာပဲ။
မင်းငိုတဲ့နောက် ကိုယ်ပျော်တယ်ဆိုတဲ့ စကားလောက် ယုတ္တိမရှိတဲ့ စကား ထပ်ရှိဦးမလား။