ကောင်းကင်တစ်ခုထဲအောက်မှာဆိုတဲ့ အသိနဲ့ပဲ
နင့်ဘက်မှာ နေ့ဖြစ်ပြီး ငါ့ဘက်မှာ မှောင်နေတဲ့အကြောင်းတွေ သင်ပုန်းချေပစ်လိုက်တယ်။
အကွာအဝေးတွေက အချစ်မှာသိပ်အရေးမပါဘူးလို့ ဖြေသိမ့်လိုက်တဲ့အခါ နင့်ဘေးက ကောင်မလေးကိုလည်း ချစ်ပေးနိုင်သွားတယ်ပေါ့။
ပြင်းပြင်းပျပျ လွမ်းလာတဲ့အခါ တိမ်တွေကို message ပို့တယ်။
နင့်ကမ္ဘာမှာရွာတဲ့မိုးက ငါ့မျက်ရည်တွေဆိုတာ သတိရပေးရင်
ငိုရကျိုးနပ်တာပေါ့ဟာ။
အချိန်မှန်မှန်အိပ်ပါ။
ကျန်းမာရေးဂရုစိုက်
ချစ်တာကလွဲပြီး ဘာမှမတတ်နိုင်တော့တဲ့ မိန်းမတစ်ယောက်က
နင့်အပြုံးတွေစစ်မှန်ဖို့ ဘာသာပေါင်းစုံနှင့် ဆုတောင်ပေးနေတယ်။