စီးကရက်သောက်ဖြစ်ရင်
မီးခိုးငွေ့တွေထဲ ငါ့ကိုရှာပါ။
လွင့်ပါသွားမှာကို ကြောက်စိတ်နဲ့ နင့်နှုတ်ခမ်းနားမှာ တဆက်ဆက်တုန်နေတဲ့ အငွေ့လေးဟာ ငါဖြစ်ကောင်းဖြစ်နေနိုင်တယ်။
နင်ရှိုက်သွင်းလိုက်တဲ့ အငွေ့လေးအဖြစ်နဲ့ နင့်ခန္ဓာကိုယ်ထဲ ကိန်းအောင်းချင်နေတာ ငါ့အရိုးသားဆုံးဆန္ဒပါ။
အဆိပ်ဖြစ်ခဲ့ရင်တောင် နင်စွဲလမ်းရင်ဆိုတဲ့ စိတ်နဲ့ ငါ့တစ်ကိုယ်လုံး လောင်ကျွမ်းပေးထားတာ…
ကျေးဇူးပြု၍ ငါ့ကို မှုတ်မထုတ်လိုက်စမ်းပါနဲ့ဟာ။
