နွံ -၁

4.3K 227 35
                                    

သီချင်းစာသားလေးတွေကိုစာအုပ်ပေါ်ချရေးလိုက်တယ်။
ဘာရယ်မဟုတ် စိတ်ထဲပေါ်လာတဲ့အတွေးလေးတွေပါ။
ဒါပေမဲ့ ကိုယ်ရေးလိုက်တဲ့စာသားတွေက အချစ်ဆိုတာထက်ကြေကွဲမှုတွေရောပြွန်းနေတဲ့ စာစုတွေဆိုပိုမှန်မယ်။

ခပ်ကျဉ်းကျဉ်းအခန်းရဲ့မီးရောင်မှိန်မှိန်အောက်မှာ ကျွန်မရဲ့စိတ်ခံစားချက်တွေကို စိတ်တိုင်းကျလွှတ်ပေးထားလိုက်တယ်။

ဒါပေမဲ့ကျွန်မအတွေးတွေ တကယ်လွတ်မြောက်ရဲ့လား?
ဟင့်အင်း။
သူ ....Kwon Yuri။ အချိန်ပြည့် အချိန်ပြည့်သူရှိနေခဲ့တယ်။ ဒီYoonaဆိုတဲ့လူသားတဲ့ အတွေး ခံစားချက် လုပ်ဆောင်မှုအားလုံးသူပါဝင်ပတ်သတ်နေတယ်လေ။

ဖခင်ရဲ့နောက်မိန်းမမှပါလာခဲ့တဲ့သူမ။
ညီအစ်မလိုခေါင်းစဉ်တပ်ထားပေမဲ့ စကားတစ်ခွန်းနှစ်ခွန်းထက်ပိုမပြောဖြစ်ခဲ့။ သမီးကအကြီးပဲ သမီးနားလည်မှုရှိပေးလိုက်ပါဆိုတဲ့ ဖခင်ရဲ့စကား။

တစ်အိမ်ထဲအတူတူနေခဲ့တာ ရက်တွေနှစ်တွေကြာလာတော့ ဒီYuriဆိုတဲခပ်ဂျစ်ဂျစ်ကောင်မလေးအကြောင်းကို ကျွန်မပိုနားလည်လာရတယ်။ ပြီးတော့သူဟာလည်း ကျွန်မရင်ထဲတိုးဝင်မှန်းမသိဝင်ခဲ့တယ်။

ကိုယ့်ကိုကိုယ်ပြန်အသိဝင်လာချိန်မှာတော့ ကျွန်မဟာသူ့ကိုကျွန်မရဲ့ အနက်ရှိုင်းဆုံးနှလုံးသားမှာ တစ်နေရာစာပေးမိခဲ့လိုက်ပြီ။

နောင်တရလား....ဟင့်အင်းမရပါဘူး။ ချစ်တာအမှားမှမဟုတ်တာ။

သူ့အကြောင်းတွေးနေရရင် ပျော်တယ်။

သူ့ရဲ့မှုန်ကုတ်ကုတ်အကြည့်တွေကို ချစ်တယ်။

စိတ်ကောင်းဝင်မှ
သူစွန့်ကြဲတက်တဲ့အပြုံးတစ်ပွင့်ကြောင့်လည်း ရင်ထဲလှပ်လှပ်ဖြစ်ခဲ့ဖူးတယ်။

သူ့ကြောင့်ရတဲ့ အဆိုးအကောင်းအကျိုးအကြောင်းခံစားချက်အားလုံးကိုလည်း မြတ်နိုးတယ်။

အဟင်း.....သိပ်ကဗျာဆန်မိသွားပြီလား။ ဒါပေမဲ့ကျွန်မရဲ့ကြောင်ရိုင်းမလေးကတော့ ကျွန်မနဲ့လုံးဝဆန့်ကျင်ဖက်။

အချစ်ဆိုတာသူ့အတွက် ကစားစရာတစ်ခု။ တွဲလိုက်တဲ့ကောင်လေးတွေကလည်းထည်လဲ။

နွံWhere stories live. Discover now