အချိန်ဆိုတာ တကယ်တော့သိပ်ကုန်လွယ်ပါတယ်။ သူ့ကိုမေ့ဖို့ အလုပ်ထဲခေါင်းနှစ်ထားတာကော ကျွန်မဖြစ်ချင်တဲ့ကိစ္စအတွက် လုံးပန်းနေရတာအတွက်ရော အချိန်ကုန်လို့ကုန်မှန်းကိုမသိခဲ့ဘူး။ သူလည်းသူ့မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေမှာပေါ့။ ကျွန်မအခုဆိုအိမ်ကိုလည်း အချိန်မှန်မပြန်ဖြစ်ဘူး။စိတ်ရှုပ်လာရင်ဖြစ်ဖြစ် တွဲလုပ်စရာအလုပ်ကိစ္စရှိရင်ပဲဖြစ်ဖြစ် ကျွန်မရဲ့တစ်ဦးတည်းသော သူငယ်ချင်းTaeYeonအိမ်ကိုသွားလေ့ရှိတယ်။
TaeYeonကတကယ့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကောင်းတစ်ယောက်ပါ။ အခုဆိုကျွန်မတို့ ငယ်ပေါင်းကြီးဖော်တွေလိုရင်းနှီးနေပြီလေ။ အခုလည်းကျွန်မသူ့အိမ်မှာ။အလုပ်ကိစ္စတော့မရှိပေမဲ့ ဒီအတိုင်းပဲစကားပြောချင်တာကြောင့်။ပြောရရင်နှုတ်ဆက်စကားပေါ့..။
"Yoon ငါတကယ်ဂုဏ်ယူပါတယ်ဟာ။ တကယ်ပဲနင်ဆုံးဖြတ်ချက်ကြီးချလိုက်တာပဲ။ နင့်အမေကကော သဘောတူလား"
ကျွန်မထက်ပိုပျော်ပြီး အားတက်သရောဖြစ်နေတဲ့ TaeYeonကြောင့်ကျွန်မပြုံးမိတယ်။
"ပြောပြီးပြီ။အစကတော့ သဘောမတူဘူး။ ဒါမဲ့ငါသေသေချာချာပြောပြတော့ ငိုတယ် ပြီးတော့မင်္ဂလာပွဲပြီးမှသွားပါလားပြောတယ်။ ဒါမဲ့ငါအဲ့ပွဲကို တက်နိုင်မဲ့အား မရှိဘူးဆိုတာ နင်သိတယ်မလား"
TaeYeonဆိုတာ ကမ္ဘာပေါ်မှာ Yulနဲ့ကျွန်မအကြောင်းသိတဲ့ တစ်ဦးတည်းသူ..။
"အေး သိတာပေါ့။ ဒါ့ကြောင့် နင် U.Sရုံးခွဲကို သွားဖို့ကြိုးစားတာမလား"
U.Sရုံးခွဲ။ဟုတ်တယ်ကျွန်မနိုင်ငံခြားကိုသွားတော့မှာ။ ကျွန်မတို့Companyက အဲ့မှာရုံးခွဲဖွင့်မှာလေ။ ရုံးခွဲအတွက်လူရွေးတော့ ကျွန်မကော TaeYeonပါ အရွေးခံရတယ်။ TaeYeonကတော့ အမိမြေမှတစ်ဖဝါးမှ ခွာချင်သူမဟုတ်တာကြောင့် ငြင်းပယ်ခဲ့တယ်။ ဒါဆိုကျွန်မကကော ။အဟင်း ဒါဟာ ထွက်ပြေးချင်နေတဲ့ကျွန်မဆီ သိပ်လှတဲ့အခွင့်ရေးရောက်လာခဲ့တာမလား။ ကျွန်မသွားဖို့ဆုံးဖြတ်လိုက်တယ်လေ။ အဲ့မှာဆိုရာထူးတိုးနဲ့လည်း တာဝန်ထမ်းဆောင်ရမယ် Design ပညာအသစ်တွေလည်း လေ့လာခွင့်ရမယ်တဲ့။ ကဲ သူမရှိလို့ ဟာတာတာဖြစ်နေရမှာကလွဲလို့ အားလုံးအဆင်ပြေမှာမလား။
YOU ARE READING
နွံ
Fanfictionအချစ်ကို ယူဆပုံခြင်းမတူတဲ့သူတို့နှစ်ယောက်။ ပေးဆပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အသားကျနေတဲ့သူမရယ်.... ချစ်တာကို ထုတ်ပြဖို့ဝန်လေးတဲ့ သူမရယ်။ သူတို့ဆုံဆည်းနိုင်ပါ့မလား?..