ဒီနေ့ ကျွန်မအလုပ်ပိတ်သည်။ အမေလည်း ချွေးထုတ်ခန်းသို့မသွား။Yulလည်းရှိနေသည်။
ဒီလိုလူစုံနေရတဲ့အကြောင်းကလဲYulကောင်လေး
ဒီနေ့အိမ်ကိုလာမှာမလို့။
ပြောရရင်တော့ အမေနှင့်မိတ်ဆက်ပေးဖို့။မီးဖိုချောင်ထဲမှာ နေ့လည်စာထမင်းဝိုင်းအတွက် ကျွန်မအမေ့ကို ကူပြင်ပေးနေလိုက်တယ်။သူကတော့ ဒီနေ့နည်းနည်း စိတ်လှုပ်ရှားပြီး ဂဏာမငြိမ်ဖြစ်နေတဲ့ပုံပါပဲ။
ရင်ခုန်နေတာလား..
ဟုတ်မှာပေါ့။ချစ်တဲ့သူကတရားဝင်လာမိတ်ဆက်မှာလေ။
ကျွန်မကအစ်မတစ်ယောက်အနေနဲ့
ပြုံးထားသင့်တယ်မလား။၁၀နာရီခွဲလောက်ကြတော့ ကောင်လေးရောက်လာတယ်။လက်ထဲမှာလည်းအမေနဲ့ကျွန်မဖို့ လက်ဆောင်ဆိုတာတွေပါသေးတယ်။ မယူချင်ပေမဲ့လည်း လက်မခံရင်ရိုင်းရာကျမှာစိုးလို့ ကျွန်မလက်ခံလိုက်ရတယ်။
ဒီနေ့မှတ်မှတ်ရရ သူနဲ့ကျွန်မတစ်ခါမှ မျက်လုံးခြင်းမဆုံသေး။ ကျွန်မကလည်းYulကိုမကြည့်သလို သူကလည်းနည်းနည်းအနေခက်တဲ့ပုံနဲ့ ကျွန်မကိုပတ်ရှောင်နေသလားပဲ။
ဒါမဲ့နေ့လည်စာထမင်းဝိုင်းမှာတော့ ရှောင်လို့မရတော့။ သူနဲ့ Minhoဆိုသော ကောင်လေးကဘေးချင်းယှဉ်လျှက်။ ကျွန်မကတော့ သူနဲ့မျက်နှာခြင်းဆိုင်။ အမေ နဲ့အဲ့ကောင်လေးနဲ့မျက်နှာချင်းဆိုင်။
ရည်ရည်မွန်မွန်ရှိတဲ့ ကောင်လေးကို
အမေကသဘောကျသွားပုံပါပဲ...။စကားတွေလည်းအများကြီးပြောတယ် ဟင်းတွေလည်းထည့်ပေးတယ်။ နှုတ်ဆိပ်သူက ကျွန်မနဲ့Yul။ သူကပါဘာလို့ နှုတ်ဆိပ်နေတာလည်း နားမလည်တော့။သူပြုံးနေပေမဲ့ မျက်ဝန်းတွေကမပြုံးတာတော့ ကျွန်မသတိထားမိတယ်။
ဘာများအလိုမကျပြန်တာလဲကွယ်....
ကောင်လေးကနှစ်ဖက်မိဘ တွေ့ဆုံပြီး Yulနဲ့စေ့စပ်ဖို့အကြောင်းပြောတော့ ကျွန်မရင်ထဲဝမ်းနည်းသွားရတယ်။
တကယ်ဆိုကျွန်မကဝမ်းသာပေးရမှာလေ။ဒါပေမဲ့အခုဖြစ်ချင်တာက ဒီစကားဝိုင်းထဲကနေ အငွေ့ပျံပြီးပျောက်သွားလိုက်ချင်တာပါပဲ။
YOU ARE READING
နွံ
Fanfictionအချစ်ကို ယူဆပုံခြင်းမတူတဲ့သူတို့နှစ်ယောက်။ ပေးဆပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အသားကျနေတဲ့သူမရယ်.... ချစ်တာကို ထုတ်ပြဖို့ဝန်လေးတဲ့ သူမရယ်။ သူတို့ဆုံဆည်းနိုင်ပါ့မလား?..