နွံ-၄

1.8K 177 60
                                    

ဇွဲရှိတဲ့သူတို့အတွက် နေရာတစ်နေရာရှိနေသည်ဆိုသော စကားမှာ အလကားမဟုတ်။ ကျွန်မ Im Yoona နောက်ဆုံးတော့ interview အောင်သွားပြီလေ။ ယခုဆို နာမည်အနည်းငယ်ရသော J Groupမှာ အလုပ်သင်အဖြစ်စတင်အလုပ်ဆင်းနေရပြီ။ .

"Yoona ဒါလေးမိတ္တူဆွဲပေးပါအုန်း"

"ဟုတ်ကဲ့ရှင့် ဋ္ဌာနမှုး"

Architectတစ်ယောက်အဖြစ် ကုမ္ပဏီကိုဝင်လာခဲ့သော်လည်း ဂျုနီယာဖြစ်တာမို့ အောက်ခြေသိမ်းအကုန်လုပ်ပေးရသည်။အစမ်းခန့်ကာလသုံးလဆင်းရမည်တဲ့။ ဘာဖြစ်လည်း နောက်ဆုံးကျွန်မအလုပ်ရခဲ့ပြီပဲလေ။

"Yoona...Im Yoonaမလား"

ကျွန်မ မိတ္တူဆွဲနေတုန်း ဘေးကအသံကြား၍ကြည့်လိုက်တော့ ဖြူဖြူသွယ်သွယ် အကောင်သေးသေး ကောင်မလေးတစ်ယောက်။ အရပ်က ကျွန်မနဲ့ တော်တော်ကွာသည်။

"အာ ဟုတ်ကဲ့."

"TaeYeon..Kim TaeYeonပါ...ဒီကYoonaနဲ့အလုပ်တူတူတွဲလုပ်ရမဲ့သူပေါ့။တွေ့ရတာ၀မ်းသာပါတယ်"

သူ့လက်ထဲက စာရွက်တစ်ချို့ကို မိတ္တူစက်ပေါ်တင်လိုက်ရင်း နှုတ်ဆက်ဖို့လက်ဆန့်တမ်းပေးသောသူမ။ အပြုံးတွေကတောက်ပလို့။

"ကူညီပေးပါအုန်း"

"Yoonလို့ပဲခေါ်မယ်ရတယ်မလား။Taeလည်းဒီလကမှ အစမ်းခန့်ကာလပြည့်သွားတာ။တူတူကြိုးစားကြတာပေါ့"

"ဟုတ်"

"တီ တီ ..."

"ရပြီထင်တယ် သွားနှင့်ပြီနော်Tae"

"Okok"

နေ့လည်ထမင်းစားချိန်ကျလည်း Office Cafeteria မှာTaeက ကျွန်မနဲ့တူတူလာစားသည်။ကျွန်မကစကားနည်းပေမဲ့လို့ သူကစကားများတာမို့ ခဏအတွင်းပိုရင်းနှီးသွားရ၏။ ပြီးတော့ ထူးဆန်းတာက သူကကျွန်မထက် နှစ်နှစ်ကြီးသည်တဲ့။ Taeရုပ်က တကယ့်ကိုမထင်ရ။တစ်ခါတစ်ခါ ကျွန်မကြည့်ရတာဖြင့် ကလေးလေးနဲ့တောင် တူသေး။

"Yoon..."

ရုံးအဆင်း ကျွန်မအရှေ့ထိုးရပ်လာသော ဆိုင်ကယ်ကြောင့် ကျွန်မမျက်လုံးပြူးခနဲ့။ ဆိုင်ကယ်ပိုင်ရှင်က ဘယ်သူရှိမလဲ ..

"Tae"

"လာ တက်"

ကြံကြံဖန်ဖန် ရုံးကိုဆိုင်ကယ်နဲ့တက်သော Tae။ယခုလည်း လိုက်ဖို့ခေါ်နေပြန်ပြီ။

နွံWhere stories live. Discover now