လက်မှပတ်ထားတဲ့နာရီကို ကြည့်လိုက်တော့ ၉နာရီထိုးဖို့၅မိနစ်အလို။ ဆယ်နာရီဆို ကျွန်မအလုပ်ချိန်ပြီးပြီ။ ဟုတ်ပါတယ် ကျွန်မအချိန်အပိုင်းအလုပ်လုပ်နေတာပါ။ အိမ်နဲ့သိပ်မဝေးတဲ့ ရပ်ကွက်ထိပ်က Martလေးတစ်ခုမှာပေါ့။ အလုပ်ရှာနေတဲ့အတောအတွင်း ဒီအတိုင်းထိုင်မနေချင်ပါ။ အမေကမလုပ်စေချင်ပေမဲ့ ကျွန်မနားလည်ရမယ်လေ။ အနည်းဆုံးကိုယ့်အသုံးစရိပ်ကိုယ့်ဘာသာ ရှာသင့်သည်မလား။
ဒါ့ကြောင့် ဒီအလုပ်လေးကို ဝင်လုပ်ရခြင်းပင်။ အလုပ်မရခင် စပ်ကြားအခြေနေလေးတစ်ခုထိပေါ့။
ဘာရယ်မဟုတ် ဆိုင်ရဲ့အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ကျွန်မအလွတ်ရနေတဲ့ ခန္ဓာကိုယ်သဏ္ဍန်လေးတစ်ခု။ ဆိုင်ရှေ့ကနေ ဟိုဘက်လျောက်လိုက်ဒီဘက်လျောက်လိုက် ထိုင်လိုက်နှင့်။
Hoodieမှာပါတဲ့ ခေါင်းစွတ်လေးကို မျက်နှာအုပ်တက်ဖုံးထားပေမဲ့လည်း သိတာပေါ့ သူမမှန်း။အပြင်မှာ ရာသီဥတုကတော်တော်အေးနေသည်။ ကျွန်မ မနေနိုင်ပါ။
"Yul အထဲလာခဲ့။ ခေါက်ဆွဲပြုတ်လာစား"
ကျွန်မခေါ်သံကြားတော့ သူမကလေးလေးတစ်ယောက်လို လက်နှစ်ဖက်ကို အာငွေ့ပေးရင်း ဆိုင်ထဲဝင်လာသည်။
ကျွန်မလည်း မေးခွန်းမထုတ်မိသလို သူကလည်းဘာဖြေရှင်းချက်မှမပေး ကျွန်မပြုတ်ပေးသောခေါက်ဆွဲကိုသာ အားရပါးရမှုတ်စားနေလေသည်။
"Yul အေးနေတာကို အိမ်မှာမနေပဲ..."
"အိမ်မှာတစ်ယောက်ထဲ ပျင်းတယ်။ ပြီးတော့နင်တစ်ယောက်ထဲ ညဘက်ပြန်ရမှာမို့ ငါလာစောင့်ပေးတာ။ မတော်တရော်လူတွေနဲ့ တွေ့မှာစိုးလို့"
သူ့စကားကြောင့် ကျွန်မရင်ထဲနွေးခနဲ့ ဖြစ်သွားရတယ်။ သူ့စိတ်ထဲမှာ ကျွန်မဖို့နေရာနည်းနည်းပေးထားသေးတာပဲ။
"နောက်နေ့လည်း နေ့တိုင်းလာကြိုမယ်။ ဒီနေ့ကအချိန်မသိလို့ စောလားနောက်ကျလားတောင်မသိဘူး"
"ဆယ်နာရီမှပြီးမှာ အခုကိုးနာရီပဲရှိသေးတာ..."
"တစ်နာရီပဲ လိုတော့တာ ဂိမ်းဆော့ရင်းစောင့်မယ်။ ဖြစ်တယ်မလား"
ESTÁS LEYENDO
နွံ
Fanficအချစ်ကို ယူဆပုံခြင်းမတူတဲ့သူတို့နှစ်ယောက်။ ပေးဆပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အသားကျနေတဲ့သူမရယ်.... ချစ်တာကို ထုတ်ပြဖို့ဝန်လေးတဲ့ သူမရယ်။ သူတို့ဆုံဆည်းနိုင်ပါ့မလား?..