2016 မှာ Baek ရဲ့ မွေးနေ့ အနေနဲ့ ကိုရီးယားမှာ Baekhyun Birthday Party ဆိုပြီး SM ကစီစဉ်ပီး စလုပ်ခဲ့တယ် အဲ့ သတင်းကြားကြားချင်း အရမ်းဝမ်းနည်းသွားတယ် birthday party နဲ့ ပတ်သက်တဲ့ info တွေကို L app မှာ တင်ထားတာတွေ့တော့ အရမ်းစိတ်မကောင်းဖြစ်ရတယ် ငါလဲ လျှောက်ချင်လိုက်တာ ငါလဲ သွားချင်လိုက်တာ ဆိုတဲ့ စိတ်က ဖျောက်မရဘူး
ဘယ်သူက မသွားချင်ဘဲ နေပါလိမ့်မလဲ ကိုယ့် bias ရဲ့ မွေးနေ့ အမှတ်တရပွဲကို
ကိုယ့်အခြေနေက မဖြစ်နိုင်မှန်းသိတော့ ဖြေသိမ့်ပေမဲ့ IG က သွားခွင့်ရတဲ့သူတချို့ရဲ့ post တွေ တွေ့တော့ အရမ်းအားကျတယ် အရမ်းလဲ မနာလိုဖြစ်တယ်
ကိုယ်လဲ သွားချင်တာကိုး အာ့အချိန် တခု ဆုတောင်းမိတယ် နောက်အခါ Baek မွေးနေ့မှာတူတူ ရှိရပါစေလို့
ဘယ်သူသိနိုင်ပါ့မလဲ အဲ့ ဆန္ဒလေးက နောက်နှစ်မှာ ပြည့်စုံသွားမယ်ဆိုတာကို