မနေ့က တညလုံး ကောင်းကောင်း အိပ်မပျော်ဘဲ
မိုးလင်းသွားတာ မနက် ၅ခွဲလောက်ထဲက ထပြီး ရေမိုးချိုး ပြင်ဆင် သူငယ်ချင်းတွေနဲ့ လမ်းထိပ်က မုန့်ဆိုင်မှာ ၇နာရီလောက်ဆုံတယ် အာ့မှာလဲ ဘာမှ စားမဝင်ဘူး နောက် mart ကနေ coffee တွေ ပေါင်မုန့်တွေ ဝင်ဝယ်ပြီး Thuwanna bumi ကိုဒိုးတော့တာပဲ ဟိုရောက်တော့ မနက် ၈နာရီ ဝန်းကျင် L တွေလဲ တော်တော် များများရောက်နေပြီ ဂိတ်ပေါက်ဝဘေးမှာ ထိုင်ချ လက်ထဲက ကော်ဖီလေးသောက် နောက် give away တွေ တန်းစီယူ
မနက် ၁ဝနာရီ ဝန်းကျင်လောက်ကျ ဝင်ဖို့ အပေါက်ဝမှာ တိုးကြိတ် ကိုယ်တွေက သိထားတဲ့ entrance plan အတိုင်းပဲ ထင်နေကြတာပေါ့ အထဲရောက်တော့ ကွင်းထဲဘက်ကို မဝင်ရသေး အာ့နဲ့ တန်း တွေ ကာထားတဲ့ အရှေ့ဆုံးမှာ ထိုင်စောင့် ၁နာရီလဲ မဖွင့် ၂နာရီလဲ မဖွင့် အရှေ့က လုံခြုံရေးတွေဆိုတဲ့ လူတွေက အဆင့်အတန်းကို မရှိကြဘူး ပွဲ organizer တွေရောပဲ သူတို့ plan အတိုင်း မလုပ်နိုင်ရင် အစထဲက plan ဆိုတာ ဆွဲမနေနဲ့ပေါ့ အခုက လာကြည့်တဲ့လူတွေအကုန် အရူးတွေကျလို့ သူတို့က အမိုးအောက် ခုံမှာထိုင်
ကိုယ်တွေက နေ ခေါင်းပေါ်တည့်တည့်ရောက်တဲ့အချိန် မြေကြီးမှာထိုင် အမိုးမရှိ လာကြည့်ကြတာ အကုန်နီးပါး မိန်းကလေးတွေနဲ့ ငယ်တဲ့ကလေးတွေပဲ အာ့ကို စောင်အခွက်ပြောင်တဲ့ သူကပြောင် လှောင်သလိုလို ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အကောင်တွေကရိုက်
Organizer စောင်ကကြီးက ဝင်လိုက်ထွက်လိုက်နဲ့
သတ်မှတ်တဲ့အချိန်ကို ဝင်ခွင့်မပေးတော့ အကုန်လုံး အော်ဟစ်သောင်းကြန်းကြတာပေါ့ စုတ်နေတဲ့ walk through ကြီးကို ပြင်နေတာနဲ့ ကိုယ်တွေကို ဝင်ခွင့်မပေးနိုင်ကြဘူး management တော်တော် အသုံးမကျတဲ့ပွဲပါ ကိုယ်တွေလဲ အော်ဟစ်ပြီး ဝင်ခွင့်ပေးလို့လဲအော်ကြ အရှေ့က ဓာတ်ပုံထိုင်ရိုက်နေကြတဲ့ အကောင်တွေကိုလဲ ဓာတ်ပုံဖျက်ဖို့ အော်ဟစ်နဲ့
နောက် ရဲ တစ်ယောက်ရောက်လာပြီး လုံခြုံရေး တွေကို ထိုင်မနေဖို့ လာပြောတော့မှ အာ့ကောင်တွေက မတ်တပ်ရပ်ကြတာ
တော်တော်ကြာတော့ သည်းမခံနိုင်ကြတော့ အနောက်က ဝိုင်းတိုးတာနဲ့ ကိုယ်တွေ လူအုပ်ကြီး ဝုန်းခနဲ အရှေ့ကို ရောက်သွားတာ တန်းတွေကပြို လက်တွေ ခြေထောက်တွေလဲ ညပ် တက်နင်းခံရနဲ့ လူမပိအောင် မနည်းနေရတယ် နောက် ပြန်ထွက်ချင်တာ လုံးဝထွက်လို့မရ ညပ်ပြီးတော့ အထဲပါသွား သူငယ်ချင်းတွေနဲ့လဲ ကွဲသွားတယ် နောက်မှ အထဲကနေပြန်ထွက်ခိုင်းတော့ အကုန် ပြန်ထွက်ကြတယ်
အဲ့အချိန်လူက တော်တော် ပြိုင်းနေပြီ ဘာမှ မစားရသေးတဲ့အပြင် ညကလဲ လုံးဝမအိပ်ထားရဘူး တနေ့လုံးလဲ ငါးခြောက်ဖြစ်နေတော့ မေ့တောင်လဲချင်တယ်၎နာရီ ဝန်းကျင်လောက်ထိကို အပြင်မှာ ဝင်ဖို့ တန်းစီနေရတုန်း
ကိုယ်တွေအရှေ့နား နည်းနည်းရောက်တော့ ဘေးက သူငယ်ချင်းက မရတော့ဘူး ယိုင်ထိုးနေပီ အာ့နဲ့ နှစ်ယောက်သား အကြည့်ချင်းဆုံ မျက်စပစ်ပြပီး သူကလဲ အကျ ကိုယ်ကလဲ အော်တာပဲ ဒီမှာ မူးလဲနေပီဗျို့ဆိုတော့ ကြက်ခြေနီတွေ လုံခြုံရေးတွေ သူ့ကို လာသယ်သွားကြရော အာ့နဲ့ သူက အထဲရောက် ကိုယ်တွေလဲ အရှေ့တော်တော်ရောက်သွားတယ် ခဏလောက်တန်းစီလိုက်တော့ အထဲ ဝင်လို့ရသွားတယ် အာ့မှအရင် toilet ကိုပြေး မှန်လဲကြည့်ရော ကိုယ့်မျက်နှာကိုယ် တောင် မမှတ်မိဘူး ချွေးတလုံးလုံးနဲ့ ပြောင်နေတာပဲ
မျက်နှာတွေသစ်ပီးတော့မှ ကွင်းထဲဘက်သွား
ကိုယ်တွေတော့ ရှေ့ဆုံးနားလောက်ပါပဲ ကိုယ်ယူလာတဲ့ Baek အတွက် လက်ဆောင် ပစ်တိုင်းထောင်ကိုထုတ်
Lightstick ကို ထုတ် ကိုယ်ပိုင် banner က နှစ်ခု ကွင်းထဲမှာ ဝေတာ တစ်ခု အားလုံး ၃ခုကိုကိုင် ကင်မရာကို လက်မှာချိတ် standby အဆင်သင့်ပဲ
Stage အရှေ့လဲအရောက် ခုနက ပင်ပန်းထားတာ စိတ်တိုထားတာတွေ ဘာတစ်ခုမှ မရှိတော့ဘူး
၎နှစ်ကျော် စောင့်ခဲ့ရတဲ့ သူတို့တွေနဲ့ တွေ့ရတော့မယ် ဆိုတဲ့ ပျော်ရွှင်နေတဲ့ ကိုယ့်စိတ်ကို အခုချိန်ထိ ပြန်တွေးလိုက်တိုင်း ရင်ခုန်နေတုန်းပါပဲTBC
Thanks for reading 😊