2017 May 05
Friday ဖြစ်တဲ့အတွက် အလုပ်လုပ်နေတဲ့ ကျွန်မ ရုံးသွားရပါတယ် အစောပိုင်း NCT 127 ကို ကြိုချင်ပေမဲ့လည်း ရုံးကပျက်လို့မရတော့ မတတ်နိုင်ဘူးပေါ့လေ
အစောထဲက လေဆိပ်သွားရင် ဝတ်ဖို့ အင်္ကျီတွေရော တနေကုန်ရုံးတက်ရတာဆိုတော့ လူက ဂါနေမှာစိုးလို့ မိတ်ကပ်တွေရော အထုတ်ကြီး တစ်ထုတ်နဲ့ သယ်သွားတယ် 😁
ညနေ ၃နာရီ ဝန်းကျင်ထဲက လူက ရုံးမှာ ထိုင်နေရင်း မရိုးမရွတွေဖြစ်နေတာ ခဏနေတော့ incheon က preview တွေ တက်လာတော့ အခန်းထဲမှာ ထအော်တာဆိုတာ ရုံးက လူတွေတောင်လန့်တယ်
တိုက်တိုက်ဆိုင်ဆိုင် ကိုယ်က မနက်ထဲက အဖြူရောင် လက်ရှည်လေးရယ် ဂျင်းပန့်ရယ်ဝတ်လာတာ ပူလို့
Preview မှာ Baek လဲ အာ့လိုပဲ အဖြူနဲ့ ဂျင်းနဲ့ဆိုတော့ အူမြောင်းဆိုပြီး ပျော်ပြီးထအော်တာ 😁
နောက် ရုံးက ၅ခွဲဆင်းမှာကို ၅နာရီထဲက ပြန်ဖို့ ဟန်ပြင်နေတာ ကိုယ့်အကြောင်းသိတဲ့ ကကြီးကလဲ မျက်စိနောက်လို့လားမသိဘူး စောစောဆင်းတော့ဆိုပြီးမောင်းထုတ်တယ် ဒါနဲ့ ၅နာရီ မခွဲခင်လောက် ရုံးဆင်းပြီး သူငယ်ချင်းနဲ့ အတူ ၉မိုင်ကနေ လေဆိပ်သွားတယ်အစထဲက organizer က vip gate ကနေထွက်မှာလို့ ကြေညာထားတာဆိုတော့ အများကြီးတော့ မမျှော်လင့်ထားပါဘူး
လေဆိပ်ရောက်တော့ ခလေးတွေ လာမဲ့ terminal 1 မှာ L တွေ တော်တော် များများရောက်နေပြီ တချို့ဆို အစောကြီးထဲက ရောက်နေတာဆိုပဲ နောက်တော့ ဟိုကြည့်ဒီကြည့်နဲ့ အချိန်လိုသေးတော့ NCT 127 လာမဲ့ terminal ဘက် သွားစပ်စုသေးတယ် လူအရမ်းများပြီး vip ကပဲ ထွက်မှာဆိုတော့ အာ့ရှေ့မှာ selca ရိုက်ပြီး ပြန်လာတယ် တော်ကြာ ဟိုဘက်မှာ နေရာပျောက်နေမှာစိုးလို့
နောက်မှ လေဆိပ်က airline မှာ လုပ်နေတဲ့ သူငယ်ချင်းကို သတိရလို့ ဖုန်းဆက်ကြည့်တော့ သူထွက်လာပြီး မုန့်တွေ ဘာတွေစားပြီး ဘယ်က ကြည့်လို့ရနိုင်မလဲ ပတ်ကြည့်သေးတယ် အရင်က မှတ်ပုံတင် ပေးပြီး ဧည့်ကဒ်လဲပီး အထဲ ဝင်လို့ရတော့ သွားမေးကြည့်တာ အာ့က ရဲတွေက ဝင်ခွင့်မပြုဘူးဆိုတာနဲ့ ပြန်လှည့်လာတာ
နောက် Fan page တွေရဲ့ give away တွေ ယူလိုက်သေးတယ် သူငယ်ချင်းကတော့ ရုံး ခဏပြန်ပြီး စနည်းနာလိုက်ဦးမယ်ပြောတယ်
ဒါနဲ့ ကိုယ်တွေလဲ arrival immigration ဖြတ်တဲ့ နားဘက်က departure elevator အောက်က မှန်ဘက်မှာ သွားထိုင်စောင့်နေတယ်
ခဏနေတော့ ယ,မ တွေ တစ်ပြုံကြီး ဆင်းလာတာ တွေ့တယ် immigration မဖြတ်ဘဲ toilet နား ယောင်လည်လည် လုပ်နေတာလေ
ဝန်ထမ်းတွေ ရောက်လာပြီး အတင်းသွားခိုင်းတာတောင် ပတ်ပြေးနေကြတာ ကိုယ်တောင် fb မှာ live လွှင့်လိုက်သေးတယ် 😂
အစက ကိုယ်တွေ ထိုင်တဲ့ နားမှာ နောက် အစ်မကြီး ၃ယောက်ရယ် အားလုံး၅ယောက်ပဲ ရှိတာ ဗိုက်ဆာလာတာနဲ့ ခေါက်ဆွဲပြုတ်ဘူး သွားဝယ်ပြီး ကြမ်းပြင်မှာ ထိုင်စားပီး တစ်ဒေါ်လာတန် ရေဝယ်သောက်ခဲ့ရသေးတယ် 😂
နောက် တဖြေးဖြေးလူက များလာတယ် ကိုယ်လဲထိုင်နေလို့မရတော့ မတ်တပ်ရပ်ပီး မှန်နားကပ်နေရတယ်
ကိုယ်တွေ ထင်ထားတာ escalator ကနေဆင်း immigration. ဖြတ်ပြီး နောက်ပေါက်က ထွက်မယ်ထင်တာပေါ့ လေဆိပ်အရှေ့ဘက်မှာ လူတွေဆိုတာ အများကြီးပဲ
နောက် ၉နာရီကျော်လောက်မှ ခုန သူငယ်ချင်းကဖုန်းဆက်တယ် အထဲကိုလာခဲ့ သူတို့ရုံးကနေ လေယာဉ်ကွင်းဘက်ဝင်မယ်ဆိုပြီးပြောတော့ နှစ်ယောက်သား အထုတ်တွေဆွဲပီး ရုံးခန်းရှိတဲ့ ဘက်ပြေးတာဆိုတာ
သူငယ်ချင်းက ကဒ်တွေကိုင်ပြီး စောင့်နေတာ သူ့အကူအညီနဲ့ သူတို့ရုံးထဲရောက်တော့ အာ့မှာ ကောင်မလေး ၂ယောက်ကိုတွေ့တယ် ဘယ်သူတွေမှန်းလဲ မသိဘဲ လေးယောက်သား အော်ပြီး ပြေးဖက်ကြတာ နောက်မှ သူတို့လဲ အဲ့က ဝန်ထမ်းတူမတွေဆိုတော့မှ မိတ်ဆက်ဖြစ်ကြတာ
ခဏနေတော့ အာ့ကနေ ကားနဲ့ လေယာဉ်ဆိုက်မဲ့ နားထိ ပို့ပေးတယ် လေယာဉ်လာမဲ့ အချိန်ကိုစောင့်ရတာ ရင်တွေ ခုန်တာဆိုတာ ကုလားဘုရား လှည့်သလိုဘဲ၁၀နာရီမထိုးခင်ဘဲ Korean air ဆိုက်လာပါတယ် လက်က ကင်မရာကိုင်ရင်းတုန်နေတာဆိုတာ တစ်ဘက်ကလဲ Baek BD banner လေး ကိုင်ထားသေးတာ အကုန်လုံး လာရင် လာပေးတာ ကျေးဇူးတင်တယ်လို့ ဝိုင်းအော်မယ်ဆိုပြီး တိုင်ပင်ထားသေးတာ
လေယာဉ်ဆိုက်ပြီး တော်တော်ကြာတော့မှ security အာဂျုးရှိ အရင်ထွက်လာတာ နောက်ကနေ Baek လဲ ထွက်လာရော လက်တွေတုန်နေတာဆိုတာ ကင်မရာပြန်ကြည့်မှပဲ ဘယ်လောက်တော် လှုပ်နေလဲ သိတော့တယ် Baek က tube ထဲကနေ ကိုယ်တွေ အော်သံ ကြားတော့ လှမ်းကြည့်တယ် tube ကနေ အထဲဝင်တဲ့ထိ တောက်လျှောက် ကြည့်သွားတာ
နောက်က ဘယ်သူတွေ ထွက်လာလဲ သေချာတောင်မမြင်တော့ဘူး မွှန်နေတာလေ 😂 နောက် အထဲကိုဆင်းလာပီး immigration ဖြတ်မယ်ထင်တာ အာ့လိုမဟုတ်ဘဲ ဟိုဘက် tube ကပြန်ထွက်လာတော့ ကိုယ်တွေ ပြေးရပြန်တယ် နောက်မှ tube က ဘေးလှေကားကနေ ဆင်းလာတာ Baek အရင်ဆုံးဆင်းလာပြီး ကားပေါ်တက်တယ်
ပြီးတော့ Jongdae ပီးတော့ ကျန်တဲ့လူတွေ တက်လာတာ
Chansoo ကတော့ အတူတူထိုင်ကြတာ
Kyungsoo အရင်ထိုင်နေတာ chanyeol တက်လာပြီး သူ့ဘေးနားဝင်ထိုင်တာ မီယန်မာ ရဲဦးကြီးနဲ့ တိုက်မိလို့ chanyeol လက်နဲ့တောင် ကာလိုက်သေးတယ် Kyungsooလေးကို ထိမှာစိုးလို့ (လိုရာဆွဲတွေး) အနောက်ဘက်မှာ အငယ်တွေ ၂ယောက်က ထိုင်ပြီး Minseok နဲ့ suho က မတ်တတ်ရပ်လို့
Leader ကြီးက ကားပေါ်တက်တက်ချင်းပဲ ဘယ်ကို ဖုန်းခေါ်နေတာလဲ မသိဘူး Minseok လေးကတော့ အိပ်ငိုက်နေတဲ့ပုံပဲ
ကားထွက်သွားတာနဲ့ ကိုယ်တွေလဲ ဟိုတယ်လိုက်မယ်ဆိုပြီး ချက်ချင်း လေဆိပ်ကနေ ဟိုတယ်ကိုထွက်ခဲ့ပါတယ်
ကိုယ်တွေရဲ့ ပထမဆုံး ဆုံတွေ့ခြင်းက အမှတ်တရပါပဲ