Organizer ကို ကျေးဇူးပဲ တင်ရမလို အပြစ်ပဲ တင်ရမလို စိတ် မတင်မကျ ဖြစ်ပြီး စိတ်ရှုပ်ခဲ့ရပါတယ်
ပွဲ မစခင်အထိကို ကိုယ့်မှာ အပျော်တဝက် စိတ်ရှုပ်တာ တဝက်ဖြစ်ခဲ့ရတယ်> Ticket
သိပ်စိတ်ပျက်ဖို့ကောင်းပါတယ်
စစချင်းတော့ ဟုတ်မလိုလို EBT တွေ official တွေခွဲ online စနစ်နဲ့ဆိုတော့ မဆိုးဘူးပေါ့ လူကိုယ်တိုင်သွားစရာမလိုတော့ မပင်ပန်းတော့ဘူးလို့စဉ်းစားခဲ့တာ တလွဲပါပဲ
စစချင်း online shopping ကနေ ရောင်းတော့ ရောင်းချပုံကို အမျိုးမျိုးပြောတယ်
တော်ကြာနေ ဖုန်းနဲ့ reservation ရတယ်ပြောလိုက် မရဘူးပြောလိုက်နဲ့ လူမှာ အရူးကျနေတာပဲ ဘာယုံရမှန်းမသိ online shopping က ရတယ်ပြောတယ် page ကမရဘူးပြောတယ် လူက ဘာလုပ်ရမှန်းမသိ
EBT ရောင်းတဲ့နေ့က အိမ်မှာ တော်တော် ဗြောင်းဆန်သွားတယ် လက်မှတ်မရမှာစိုးလို့ အင်တာနက်ကလဲ ခဏခဏ ဒေါင်းနေတာ သူငယ်ချင်း ၁ယောက်အတွက်လဲ ဝယ်ပေးရသေးတယ်
ကံကောင်းစွာနဲ့ ည ၁နာရီဝန်းကျင်လောက်မှာ EBT ၂စောင် ဝယ်လို့ရလိုက်တယ် အဲ့တော့မှပဲ စိတ်ချလက်ချ အိပ်လို့ရတော့တယ်
နောက်နေ့တွေ KFM page က တက်လာတဲ့ ကလေးကလား Lucky Draw တွေ တွေ့ပြီး စိတ်ပျက်သွားတယ် ဘယ်မှာမှ မမြင်ဖူးတဲ့ ကံစမ်းမဲ နှိုက်နည်းတွေ နဲ့ လုပ်သွားတယ်
ပီးတော့ ကြေညာထားတဲ့ Lucky Draw တွေ အကုန်လဲ ဖောက်ပေးတာမတွေ့ရဘူး
ထားပါတော့လေ အဓိကက ကိုယ်က ပွဲပဲကြည့်ချင်တာဆိုတော့ သိပ်စိတ်မဝင်စားပါဘူး
နောက် birthday event အတွက် stage ပေါ် တက်ခွင့်ဆိုတာမှာ လူက သေချင်သွားတယ်
ဒီလိုပွဲမျိုးမှာ အာ့လောက်ထိတော့ မလိုအပ်ဘူး ထင်တာပဲ fan meeting မှ မဟုတ်တာပဲ ပြီးတော့ ကိုယ်တိုင်ကလဲ Lucky Draw ဆို တခါမှ ပေါက်ဖူးတာမျိုး မဟုတ်တော့ သိပ် မမျှော်လင့်ပါဘူး နောက်တော့လဲ နီးစပ်ရာတွေ ခေါ်တင်သွားတာပဲ 😂
နောက် NR Lucky Draw လဲ အတူတူပဲ ဘယ်သူလာမှန်းမသိ cbx လို့ သတင်းထွက်တော့ ကံပဲကွာဆိုပီး cosmetic တွေ သေချာ ဝယ်လေ့မရှိတဲ့ ကိုယ်ဟာ ဝယ်ဖြစ်အောင်ဝယ်ပြီး ကံစမ်းပါသေးတယ် ထင်တဲ့အတိုင်းပါပဲ တခုမှ မပေါက်ပါဘူး 😂😂