လေဆိပ်ကနေ ထွက်လာတော့ ၁၁နာရီဝန်းကျင်လောက်ရှိပြီ
ဟိုတယ်ကို ကိုယ်တွေ အုပ်စုရောက်တော့ ဟိုတယ်ရှေ့မှာ လူတွေ အများကြီး ရောက်နှင့်နေပြီ
ကိုယ်တွေက နောက်ကျသွားတော့ ခလေးတွေက ဟိုတယ်ပေါ် တက်သွားပြီ ပြောကြတယ်
မြင်လိုက်ရတဲ့သူက မြင်လိုက်တယ်တဲ့
နောက်အကုန်လုံး စပြီး တစ်ယောက်ချင်းဆီ နာမည် အော်ကြတော့ ကိုယ်လဲ လိုက်အော်သေးတယ်
ရည်ရွယ်ချက်က လူလဲများတော့ ၁၂လဲ ထိုးတော့မှာ ဆိုတော့ Baek အတွက် BD song ဆိုကြမလို့ ဒါနဲ့ အကုန်လုံး အော်ဟစ် စောင့်နေရင်းနဲ့ အခန်းတွထဲက အရိပ်တွေတွေ့တယ် လှမ်းတတာ့ပြတာတွေက အောက်ကနေဆိုတော့ သေချာတော့ မမြင်ရဘူး ကိုယ်ထင်ရာတွေ ပြောနေကြတာပဲ ၁၂ မထိုးခင်မှာပဲ ဟိုတယ်ကလူတွေ ထွက်လာပြီး ဧည့်သည်တွေ အနှောင့်အယှက်ဖြစ်လို့ ပြန်ကြပါပြောတော့ ကိုယ်တွေလဲ တင်းခံနေသေးတာ နောက်မရတော့ သူတို့ ဝင်းထဲက ထွက်ခိုင်းတော့ ကမ္ဘာအေးဘုရားလမ်းဘက်ကနေ ပတ်ပီးထွက်ရပြီးတော့ စက်မှု၁လမ်းဘက် ပြန်ထွက်ကြတယ်
၁၂ကလဲ ထိုးတော့မှာဆိုတော့ အပြေးအလွှားပေါ့
၁၂နာရီလဲ ထိုးရော အကုန် တစ်ညီတည်း BD song ဆိုကြတာ အခုပြန်စဉ်းစားတောင် ကြက်သီးတောင်ထတယ်
သီချင်းဆိုပြီးတော့မှ ပြန်မယ်ဆိုပြီး ကားလမ်းဘက်လှည့်တော့မှ လူတွေက အများကြီး အပြင်က ဝိုင်းကြည့်ကြတဲ့ လူတွေရော အာ့တော့မှ အသိစိတ်ဝင်ပြီး ရှက်တာဆိုတာ ခုနက ပတ်ဝန်းကျင်ကို သတိတောင်မထားမိဘူးရယ် အိမ်ပြန်ရောက်တော့ ည ၁နာရီထိုးနေပြီ
ရောက်ရောက်ချင်းကို မနက်အစောကြီး သူငယ်ချင်းတွေနဲ့ ချိန်းထားတာဆိုတော့ ယူသွားရမဲ့ ပစ္စည်း တွေ အကုန် အိတ်ထဲ ထည့်ရသေးတယ် အိမ်က လူတွေကိုလဲ လေဆိပ်က အကြောင်း အကူန်ပြန်ရှင်းပြနေသေးတာ
ညဘက် အပြင်ထွက်တာ နောက်ကျတာ မကြိုက်တဲ့ဖေကြီးကတော့ စိတ်ဆိုးလို့ စကားကို မပြောဘူး
နောက်အိပ်မယ်ဆိုတော့ နာရီကြည့်တော့ ၃နာရီ ထိုးတော့မှာ တညလုံး ရင်တွေ ခုန်ပြီး ဟုတ်တိပတ်တိတောင် မအိပ်လိုက်ရပါဘူး မိုးကိုလင်းရော