ပုံမှန်ဖြတ်သန်းလေ့ရှိတဲ့ နေ့တွေထဲက တစ်ရက်မှာ ကိုယ်ဟာ ထုံးစံအတိုင်း internet သုံးနေခဲ့တယ်
Fb သုံးနေရင်း fri တွေ share ထားတဲ့ kpopper အစ်မတစ်ယောက်ရဲ့ post ကို တွေ့လိုက်တယ်
တွေ့တွေ့ချင်း ကိုယ့်ရဲ့ reaction က "ဟမ်" ဆိုပီး
ဟုတ်ပါ့မလား အရင်လို rumour တွေပဲ ထင်ပါတယ်ဆိုပီး အမှတ်တမဲ့နေမလို့ပဲ
ဟုတ်မဟုတ် စူးစမ်းကြည့်မှပါလေ ဆိုပီး
ဟို acc ဝင် ဒီ acc ထွက် စုံစမ်းတော့ သတင်းအရင်းအမြစ်ကို ရှာကြည့်တော့ ဖြစ်နိုင်ချေ ၄၀ % လောက် စိတ်ထဲမှာထားလိုက်တယ်
သိပ်မကြာခင် ရက်ပိုင်းမှာ page ကို သိလိုက်ရတယ် အဲ့အချိန်မှာ စိတ်ထဲ ၈၀% လောက် ဖြစ်နိုင်တယ် စဉ်းစားပီး စပြီး လှုပ်ရှားရတော့တယ်
ဘယ်က organize လုပ်တာလဲ ဘယ်လိုပုံစံမျိုးလဲ
Kpop concert က အရှေ့မှာ ကြည့်ဖူးတာဆိုလို့ ရန်ကုန်မှာလုပ်တဲ့ bts ရယ် monsta x ပွဲရယ်ပဲ ကြည့်ဖူးတာဆိုတော့ နိုင်ငံခြားမှာလဲ တခါမှ မကြည့်ဖူးပေမဲ့ လိုရမယ်ရ လေ့လာထားတဲ့ ဘန်ကောက်က concert တွေလို လုပ်ပါ့မလား အရင်လိုပဲ MEP ထဲ လုပ်မှာလား အရင်ကြည့်ခဲ့တဲ့ပွဲက ကိုယ်က kpopper တစ်ယောက်အဖြစ်နဲ့ ကြည့်ခဲ့လို့ အရမ်း serious မဖြစ်ခဲ့ပေမဲ့ အခုလာမှာက ကိုယ့်ခလေးတွေ ကိုယ့်ရဲ့ တစ်ဖွဲ့ထဲသော stan လာတဲ့ အဖွဲ့ဆိုတော့ exo ဆိုတာလဲ ဘယ်လို ပုံစံနဲ့ concert တွေ ဖျော်ဖြေနေလဲ ဆိုတာ သိနေတော့ ရင်ထဲမှာ ပျော်တာ တစ်ဝက် စိတ်ပူတာ တစ်ဝက်
ပွဲရက်ကို ကြေညာတဲ့နေ့က ရင်တုန်လွန်းလို့ တော်တော်နဲ့ အိပ်မရခဲ့ဘူး
အပြင်မှာ တခါမှ မတွေ့ဖူးလို့ အခုမှ ပထမဆုံးတွေ့ရမှာမို့ ရင်ခုန်တာထက် ကိုယ့်ရဲ့မနှစ်က ဆုတောင်းလေး ပြန်သတိရပြီး ဝမ်းသာမျက်ရည်ကျခဲ့ရတယ်
မနှစ်က သူ့မွေးနေ့မှာ သူများတွေလို အတူရှိချင်လိုက်တာဆိုတဲ့ ကိုယ့် ဆန္ဒက တကယ်ဖြစ်လာတော့မှာပါလားဆိုပြီး အရမ်းပျော်ခဲ့တယ်
နောက်ဆုံးတော့ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ခန်းစာလေးကို အမှတ်ရမိတယ်
"DREAM DO COMES TRUE"