Blind In Love

2K 116 6
                                    

................. Blind in Love ..................

"မေမေ"

"TaeOh ya, ဘာဖြစ်လာတာလဲ"

~မူကြိုကနေ ငိုမဲ့ မဲ့နဲ့ပြန်လာတဲ့ သားတော်မောင်ကြောင့် စိုးရိမ် စိတ်ကအစိုးမရ။ ဦးလေးလဲမျက်နှာကလဲမကောင်း။

"သား Tae Oh ဘာဖြစ်လာတာလဲ မေမေ့ ကိုပြော"

"မေမေ"

"အင်း ပြောသားလေး သားကိုဘယ်သူအနိုင်ကျင့်လို့လဲ ။ ဖိုးလေး ရိုက်လို့လား။"

"မဟုတ်ပါဘူး"

~တိုးတိတ်သေားအသံလေးနဲ့ အတူမျက်လွှာလေးချ သွားတဲ့ သားသားကြောင့် စိတ်ပူပန်မှုက တစ်စတစ်စ ကြီးထွားလာကာ
အတွေးတွေက ယောက်ယက်ခက်လာတယ်။ မူကြိုမှာ အနိုင့်ခံရလို့လား?? စာမရလို့ ဆရာမ ရိုက်လိုက်လို့လား???အဲ့တာတော့မဖြစ်နိုင် သားသား က သူ့ဖေဖေ နှင့် တူ၍ အလွန် ဉာဏ်ကောင်းသည်။ အဖမဲ့ သားလေးမို့ လူ အများအလယ်မှာ မျက်နှာ မငယ်ရ အောင် Soo အတက်နိုင်ဆုံး ကြိုးပမ်းသည်။ Soo ငယ်ငယ်တုန်းက လောက်မပြည့်စုံပေမဲ့ စုတ်ချာလွန်းသည် တော့မဟုတ်။ မိန်းမ တစ်ယောက်ထဲ အားဖြစ်သည့် အတွက် အခြားမိစုံ ဖစုံလောက်တော့ မပြည့်စုံနိုင် ။ ကျွန်မ၏ကော်ဖီ ဆိုင်လေးက သားသားရဲ့ ကျောင်းစရိတ်နဲ့၊အိမ် စရိတ်အတွက်ပူစရာမလို။ ကြည့် အတွေးများနေတာတောင် သားသားခေါင်းလေးမော့မလာ

"အာ့ ဆိုဘယ်သူ အမေ့ရဲ့ ချစ်စရာသားလေးကို ဘာလုပ်လိုက်တာလဲ"

~ကျွန်မက ပါးနှစ်ဖက်ကို အသာဆွဲ၍ ပြောတော့ သားတော်မောင်က သဘောတကျရယ်လေရဲ့

"ခ် ခ်ခ် မေမေ "

"ဟော ခေါ်ပြန်ပြီ ပြောလေ သားလေးရဲ"

"ဖေဖေ ဆိုတာဘာလဲဟင်။"

"ဟင်"

"သားသူငယ်ချင်း ပြောတဲ့ ဖေဖေ ဆိုတာကြီးဝယ်ပေးပါလား။ ဖိုးလေးက တော့မေမေ့ဆီကတောင်းတဲ့"

"သား ဖေဖေ ဆိုတဲ့ အရာက ဝယ်လို့မရဘူး။"

"ဗြဲးးးးးးးးးးးးးးးး အာ့ဆိုသား သူငယ်ချင်းတွေ ဆီ မှာ ဘာလို့ရှိနေတာလဲ"

~ဖေဖေ နဲ့ မေမေ သားသားကို Soo ဘယ်လိုရှင်းပြရမလဲ။ အတွေးနဲ့ အတူ Soo ပါးပေါ်သို့ မျက်ရည် တစ်စက်က ပေါက်ခနဲ

Blind In LoveWhere stories live. Discover now