"စာ အုပ် ဘယ်မှာကျန်ခဲ့တာလဲ"
"Soo ဘာလို့လဲ"
"Suho Oppa Soo ရဲ့ Diary စာအုပ်ပျောက်နေလို့"
"ဟင် ဘယ်လိုဖြစ်တာလဲ"
"မသိဘူး ဟင့် အဲ့စာအုပ် Kai လက်ထဲရောက်လို့မဖြစ်ဘူး ။ "
"မငိုပါနဲ့ Soo ရယ် ပြန်တွေ့မှာပါ တိတ်တော့နော်"
"ဟင့် Soo ကြောက်တယ်ပြဿနာတစ်ခုမပြီးခင်နောက်တိုးလာမဲ့ ပြဿနာကို Soo ကြောက်တယ်"
"မကြောက်နဲ့ မကြောက်ပါနဲ့ "
Suho က Soo အားဖက်ပြီး အားပေးနေတာကိုကြည့်ပြီး ဒေါသထွက်သွားတဲ့ကောင်လေးတစ်ယောက်ကိုတော့ ဘယ်သူမှမမြင်လိုက်ပါ
********
"ဒုန်းးးး"
"ဟာ Kai ဘာတွေဒေါသထွက်ပြီး ခုံကို အပြစ်ပုန်ချနေတာတုန်း"
"ငါ့ဒေါသတွေ မင်းဆီရောက်သွားမယ်နော်Chanyeol တိတ်တိတ်နေလိုက်"
~မျက်လုံးထဲပြန်လည်မြင်လာတဲ့ပုံရိပ်တွေ Soo ပါးပေါ်က မျက်ရည်တွေကို နှူးညံ့စွာ သုတ်ပေးနေတဲ့ Suho ၊ အားကိုတကြီး ပြောနေတဲ့ Soo၊ ပခုံးပေါ်က Kim Suhoရဲ
့လက် ၊"တောက် "
"Kai နင်ဘာဖြစ်လာတာလဲ"
"Baek ပါးစပ်ပိတ်ထားဟာ နားပူတယ်"
သူသိခဲ့သင့်တယ် Soo ကို အခြားယောက်ျားလေးနဲ့ တွေ့တာကို သဝန်တိုနေမိတာကိုပေါ့......
*****
"Jargi ဘာလို့ ဆူပုတ်နေတာလဲ"
"Soo ကကို့ကို ကြိုက်နေတာတဲ့ အဲ့တာကြောင့် ဟိုနေ့က Miကို ရေကန်ထဲတွန်ချတာနေမှာ။Mi သူ့ကိုကြောက်တယ် ကိုနဲ့လမ်းခွဲမယ် ဟင့် "
"Soo က ကို့ကိုကြိုက်နေတယ်လို့ဘယ်သူပြောလဲ"
"ဒီမှာ သူ့စာအုပ် ဟိုနေ့က ကောက်ရတာ ဟင့် Mi ကြောက်တယ် ကို သူက Mi ကို မဟုတ်တဲ့နည်းတွေနဲ့ ဟင့် ကြောက်တယ် ဟင့်"
"Jargi မငိုနဲ့ကို့ကိုကြည့် ကြည့်မငိုနဲ့ဆိုကွာ သူက ကြိုက်ရင်တောင် ကိုကမကြိုက်ဘူးလေ ။ဒါသူ့စာအုပ်ဟုတ်ချင်မှဟုတ်မှာပါ"
"ကိုက Mi ကိုမယုံဘူးပဲ မယုံရင်ဖတ်ကြည့် Mi ကို ယုံကြည်မှ Mi ကို ဆက်သွယ်ပါ Mi သွားမယ်"
"Jargi Jargi"
Kai လည်း Mina ပေးထားခဲ့တဲ့ စာအုပ်အမဲလေးကို ဖွင်ကြည့်လိုက်တော့ပထမဆုံးထွက်လာတာ Kai အထက်တန်းဒုတိယနှစ်က စုံညီမှာ ကနေတဲ့ပုံ အောက်မှာထိုးထားတဲ့စာလေက Soo ရဲ့ ပထမဆုံးရင်ခုန်သံကို အစပျိုးခဲပြီ တဲ့။ နောက်တစ်ရွက်လှန်လိုက်တော့အထက်တန်း အထက်တန်းတုန်းကနေမကောင်းလို့ဆိုပြီး ကျောင်ခေါင်မိုးပေါ်မှာ အိပ်နေတုန်းက စာလေးကိုကြည့်လိုက်တော့ Soo ဘဝရဲ့ oxygen လေးတဲ့ ။ နောက်ထပ်တစ်ရွက်ကိုထပ်လှန်လိုက်တော့အထက်တန်းဒုတိယနှစ် ကျောင်းနှုတ်ဆက်ပွဲတုန်းက ချောကလက်ဝေတုန်းက စက္ကန့်နှင့်အမျှ နင့်အတွက် ခုန်နေတဲ့ နှလုံးသားလေးကို လစ်လျူရှူတော့ရတာ ပင်ပန်လွန်းလှတယ် Kai ရယ် ။ နင်မိန်းကလေးတစ်ယောက်ရသွားတိုင်း နာကျင်နေတဲ့ နှလုံးသားလေးကို နင်ကလှည့်မကြည့်ဘူး ။မဟုတ်ဘူးဂရုကိုမစိုက်တာ ။ရုပ်ဆိုးမလို့မခေါ်ပါနဲ့လား အားငယ်လို့ပါ။ ငါ့အမေက ငါ့အဖေကို လိမ်ညာယူခဲ့တာ နင်သိတော့ နင့်စိတ်ထဲမှာဖြစ်သွားတာကို နင်မပြောဘဲနဲ့သိပါတယ် ။ငါသာနင့်ကိုချစ်ကြောင်းဖွင့်ပြောလိုက်ရင်နင်ငါ့ကိုပိုမုန်းသွားမှာ ။ငါရဲ့First Love က လေထဲမှာပဲပျောက်ကွယ်တော့မယ်နဲ့တာပါတယ်။ စာရွက်တိုင်းမှာ Kai ဓာတ်ပုံတစ်ပုံစီနဲ့ ရေးထားတဲ့စာတိုလေးတွေ ကဗျာတိုလေးတွေ။နောက်ဆုံးမှာတော့ ပုံမပါပဲ စာတွေသာရေးထားတဲ့ စာရွက်တစ် ။စာတွေရဲ့ အဆုံးကိုဖတ်ပြီးတဲ့ အချိန်မှာတော့ မီးဟုန်းဟုန်းတောက်နေတဲ့မျက်ဝန်းနဲ့အတူ
"တောက်"ဆိုတဲ့ တောက်ခေါက်သံ အကျယ်ကြီးက ဤအခန်းလေးထဲတွင်ပျံ့နှံ့လာခဲ့ပြီး
"Soo မင်းကလဲ အမေလို ကောက်ကျစ်တဲ့သူပဲ Hkနောင်လာမဲ့ မနက်ဖြန်အတွက်သာစောင့်ကြည့်လိုက်တော့ "
လက်ရေးမတူဘူးဆိုတာတော့ ကောင်လေးသတိထားမိခဲ့ဖို့ကောင်းတယ်။
******
နောင်တစ်ပိုင်ဆို Kaisoo ပေးညားလိုက်တော့မယ်ရော်😁😁😁😁