Flash back စဉ်းစားလို့ရလို့အပျော်လွန်ပြီးလာဒိတ်တာ စိတ်ဆိုးသွားလားဟင် ။ ကြယ်လေးပေးတဲ့လူရော ၊ဖိဘတ်ပေးတဲ့လူရော။အသံတိတ်လေးတွေရော။Reading List ထဲထည့်ပေးတဲ့သူတွေရောကျးဇူးပါ😘😘😘။************* Blind in Love(၄) ***********
"ဦးဦး"
~ကျွန်တော့ဘောင်းဘီကိုလာဆွဲတဲ့ တစ်စုံတစ်ယောက်ကြောင့် ငုံ့ကြည့်လိုက်တော့ ဟိုကလေး။ကျွန်တော့စိတ်ထဲဝမ်းသာ သွားတာအမှန်။
"သားသား ဘယ်သွားမို့လဲ ။"
"ပင်လယ်သွားမို့။ဦးဦးကရော ဘယ်သွားမို့လဲ"
"ဦးဦးလဲပင်လယ်သွားမို့။သားသားက ဘယ်သူနဲ့ သွားမှာလဲ"
"မေမေနဲ့လေ"
~Taeohလေးထိုးပြတဲ့နေရာကိုလှည့်ကြည့်လိုက်တော့ အရှေ့ကို့လှည့် ပြီး ဘာတွေ ယူနေမှန်မသိ ။ အော်မုန့်ထုတ်တွေပဲ ။အနောက်ကကြည့်တာတစ်စုံတစ်ယောက်နဲ့တူသလားလို့။ဘယ်သူနှင့်တူမှန်းတော့မသိသေချာတာတော့ကလေးအမေကတော်တော် ငယ်ဦးမည်။
"ဟျောင် ဘာလုပ်နေတာလဲ"
~အရှေ့ကနေ အကိတ်မ Oh Seboo ရဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ လှမ်းခေါ်နေတာနဲ့ ကလေးအားနှုတ်ဆက်ပြီးကလေးအမေကိုနှုတ်ဆက်ဖို့ကြည့်လိုက်တော့ ကလေးအမေကထိုင်ခုံမှာရှိမနေတော့
"ကလေးအမေတော့နောက်မှပဲ နှုတ်ဆက်တော့မယ်။"
~ဟုလဲရေရွတ်လိုက်တယ်။မသွားခင်ကလေးရဲ့
"ဦးဦး နဲ့ သားသားနဲ့က ရထားအတွဲမတူဘူးလားဟင်"တဲ့အသံလေးမှာ ဝမ်းနည်းရိပ်လေးဖြတ်ပြေးနေသလားလို့
"ဟုတ်တယ် သားသားရဲ့ ဦးဦးက နောက်အတွဲမှာလေ "ဆိုပြီးချော့သလိုပြောတော့
"တာ့ တာ ဦးဦး"တဲ့ ချစ်စရာကောင်းလိုက်တာကလေးရယ်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
"သားသားရောဦးလေး"
~သားသားအတွက် မုန့်တွေယူပြီးဘေးကိုကြည့်လိုက်တော့သားသားမရှိ ထို့ကြောင့်ဦးလေးကိုမေးလိုက်ခြင်း