..................... Blind in Love ....................
"သားသား ထ ကျောင်းသွားမယ်"
"အင်းးးးးး ၅မိနစ်ပဲ ၅မိနစ်"
~သူနဲ့ တူလွန်းတဲ့ သားသားကြောင့် မျက်ရည် အချို့က မဖိတ်ခေါ်ပဲ လက်ဖမိုးပေါ်သို့ ပေါက်ခနဲ မှတ်ဉာဏ်ရဲ့ တစ်နေရာရာမှာ အမြဲမမေ့နိုင်တဲ့ ပုံရိပ်ဆိုးထဲကမှ သူ့ရဲ့ ချစ်စရာအမူအယာအချို့
"Jong In သခင်လေး ထတော့ ကျောင်းသွားရမယ်"
"အင်းးးးးးး ၅ မိနစ် ၅မိနစ် ပဲ Soo ရယ်နော်"
~တစ်နည်းအားဖြင့်ကျွန်မ နာမည်ကို ကောင်းကောင်းခေါ်တဲ့ အချိန် ထိုအချိန်တုန်းကတော့ မနက်အမြဲ မိုးလင်စေချင်ခဲ့တာ ။ဘာလို့လဲဆိုတော့ ကျွန်မသူ့ရဲ့ မျက်နှာ ချောချောကိုကြည့်လို့အကောင်းဆုံးအချိန်နဲ့ ၊ရင်ခုန်ရဆုံးအချိန် ၊သူကကျွန်မလက်ကို ကိုင်ပြီးပြန် အိပ်တဲ့ အချိန် သူ့ရဲ့ နူးညံ့တဲ့ ဆံပင်တွေကို သပ်တင်ပေးရင်း ၅မိနစ်ဆိုတဲ့ အချိန်တွေ ကို ၁နှစ်ကျော်ကျော် ကာလမှာ မနက် ခင်းတိုင်း ပန်ချီကားတစ်ချပ်ကြည့် သလိုကုန်ဆုံးစေခဲတယ်။အခုတော့သားသားပေါ့။
"သားသား ၅မိနစ်ပြည့်ပြီထ"
~ပါးပေါ်ကမျက်ရည်တွေကို သုတ် ပြီး။ သားသားရဲ့ ပါးဖောင်းဖောင်းလေးပေါ် ကို အနမ်းနုနုလေးတစ်ချက်ပေးလိုက်တာဟာ ကျွန်မရဲ့ တစ်နေ့တာအတွက် အားဆေးတစ်ခွက်။
"အင်းးး အီးးးးး"
~အောက်မှာမထသေးဘဲ အီးအဲ လုပ်နေသည့်ကိုယ်တော်အားခြိမ်းခြောက်ရန် အိပ်ယာဘေးက စားပွဲအပုလေးပေါ်က ကြက်ကြော် ပန်းကန်အားယူကာ အီး အဲ ကိုယ်တော်လေးရဲ့ ရှေ့တော်၌ ထား၍
"သားသား မထရင် မေမေ အကုန်စားပစ်မှာနော်"
~ကြည့် ချက်ချင်း ငုတ်တုတ်ထထိုင်တာ ရိုင်မယ်ဆိုတောင် အရိုက်ခံတဲ့ သားသားက ကြက်ကြော်ကြတော့ သူ့အမေ ထင်ပိုချစ်တယ် ကြက်ကြော်ကိုတောင်မနာလို့ဘူး ဟွန့်
"ရေချိုးမယ်လေ မေမေ "
~ရေချိုးခန်းထဲကို ပြေးသွားတာများ လုံးလုံးလေး ပြေးကိုက်ချင်စရာ