Blind in love
*ဖြန်းးးးးးး*
"သစ္စာမရှိတဲ့ကောင်"
~မူးနေတဲ့ခေါင်းလေးကို လစ်လျူရှုရင်း အသံလာရာလှန်းကြည့်လိုက်မိသည်
"Soo နင်မို့လုပ်ရက်တယ် သူငယ်ချင်းအချင်းချင်း"
"ငါဘာလုပ်လို့လဲ"
"Soo နင် ဗြောင်မလိမ်နဲ့ မနေ့က Yeol ဆီ Message ပို့တဲ့ အချိန် Jong In နဲ့ ငါနဲ့ရှိတယ်"
"Message ငါမပို့ဘူး မဟုတ်ဘူး ငါမဟုတ်ဘူး"
"Soo ငါလေ Lu ထက် နင့်ကို ပို ချစ်ခဲ့တာပါ နင်မို့လို့ဟာ Yeol ငါကို ဖွင့်ပြောထားတာနင်လဲသိတယ် ငါလည်းသူ့ကိုချစ်ကြောင်းနင်တို့ကိုပြောပြဖူးပါတယ် နင်မို့လို့ ဟာ "
"Baek Ya မငိုပါနဲ့ "
"Lu သူ သူတို့ငါကို လိမ်တာဟာ"
"Jong In ငါမဟုတ်ဘူးနော် ငါအဲ့လိုမလုပ်ဘူး"
"တော်ပါတော့ ရုပ်ဆိုးမရာ ဘာလဲ နင် က အပိုင်ကိုင်လိုက်တာပေါ့လေ Hk Chanyeol Baek ကို ဘယ်လောက်ချစ်လဲ ငါတို့အားလုံးသိပြီးသား"
"မဟုတ်ဘူး ငါချစ်တာ အခြားတစ်ယောက်"
"မိန်းမပျက်မ"
"Se Se hunငါမဟုတ်ဘူး သူဘယ်အချိန်ရောက်လဲတောင်ငါမသိဘူး"
"တော်ပါတော့ "
~ဘယ်သူ့ကို ယုံရမှာလဲ ။မျက်ရည်တွေနဲ့ သူမဟုတ်ကြောင်းဝန်ခံနေတဲ့ Soo ကို လား ။ဒါမှ မဟုတ် အခုဖြစ်ပျက်နေတဲ့ ပုံစံတွေကိုလား ။ Soo ပုံစံ က အပေါ်ပိုင်း အင်္ကျီမပါလို့ စောင်လေနဲ့ ကာထားရတယ် Soo က အဲ့လို မိန်းကလေးမှ မဟုတ်တာ ။သူ့ရှေ့မှာ နမ်းနေရင်တောင် အရမ်းရှက်တက်တာ ဒါမဲ့မနေ့ညက
Last Night,
"Jong In ငါ Baek ကို မနက်ဖြန် Propose ထပ်လုပ်မလားလို့"
"ဟိုတစ်ခါကလို စဉ်းစားဦးမယ် ဆို ဘယ် လိုလုပ်မလဲ"
"သူငါ့ကို ချစ်နေတယ်လို့ Soo ကပြောပြတယ်ဟ"
"Jinja "
"ဟုတ်တယ် အဲ့တာကြောင့် ငါထပ်ပြီး ဖွင့်ပြောမလားလို့"