Blind In Love

912 104 7
                                    

***********Blind In Love(5)****************

~ရထားစီးတော့ တစ်ချိန်က သူငယ်ချင်းတွေနဲ့သွားတဲ့ အချိန်ကိုပြန်သတိရသား အဲ့ ချိန်တုန်းက သူ့ရဲ့ ပန်နုရောင်ဆံပင်တွေကလေထဲမှာလွင့်နေတာများ နတ်သားလေးနတ်သက်ကြွေလာတာကြနေတာပဲ။ထိုခရီးတုန်းကပျော်ရွှင်စရာအမှတ်တရလဲရှိသလို သူရဲ့ အချစ်ဆုံးစာရင်းထဲကလဲ ဖယ်ထုတ်ခံခဲ့ရတယ် ။ဘာလို့လဲဆိုတော့ သူ့ကိုကျွန်မချစ်နေတာ သူသိသွားလို့။အတွေးလွန်နေတုန်း လက်မောင်းပေါ်လေးလာလို့ကြည့်လိုက်တော့ သားသားက အိပ်တောင်ပျော်နေပြီ ။အဲ့တာနဲ့ Sooလဲ သားသားကိုSooပေါင်ပေါ် လဲစေပြီး Soo အတွက် အားဆေးဖြစ်စေတဲ့ သားသားပါးလေးကို ငုံ့နမ်းနေစဉ် ဘေးက Sooဆိုတဲ့ ခေါ်သံကြောင့် မော့ကြည့်မိတော့

"O_o Kim Jong In"

~Soo လဲ ကြောင်နေတာ သားသားငိုမှ သတိရတော့တယ်။ဟုတ်တာပေါ့ သားသားအိပ်နေတာကို မေ့ပြီးမက်တက်ထရပ်တော့ သားသားက ခုံနဲ့စောင့်ပြီးနာလို့ငိုတာပေါ့

"ဗြဲးးးးး မေမေ ဟင့် နာ နာ"

~သူ့ခေါင်းသူပွတ်၍ နာနာနာ ဖြင့်အော်ငိုနေသောသားသားအားချော့ဖို့အတွက် ကောက်ချီမို့ လက်လှမ်းလိုက်စဉ် Soo ထက်အရင် ဦး၍ ချီသွားတဲ့ Jong In ။

"ဦးဦး"

~သားသားနဲ့သိနေတာလား ကျွန်မဆီက သားသားအားလုယူမည်လား?????ဟာဒါတော့မဖြစ်ဘူး။ဒါမဲ့ သူသားသားရဲ့ ဖြစ်တည်မှုကို သူမှ မသိတာ။ သူသားသားရဲ့ ဖြစ်တည်မှုကိုအလိုရှိခဲ့တာမှမဟုတ်တာ။ထိုထိုသောအတွေးတွေနဲ့Sooတစ်ယောက်ယက်ခက်နေခဲ့တယ်

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

~Soo ရှိတဲ့နေရာကိုကျွန်တော်ရောက်တော့ သားသား ပါးအားနမ်းရန် ငုံ့နေတဲ့ Sooကျွန်တော့ ခေါ်သံကြား၍ အရမ်အံ့သြသွားသည့်ပုံ သူမပေါင်ပ်ါတင်ထားတဲ့ သားသားအားမေ့ပြီမတ်တက်ထရက်လိုက်တော့ သားသား ခေါင်းနဲ့ ခုံးနဲ့စောင့်လို ငိုမှသတိရတယ်ထင်ပါ့ ။သားသားငိုလို့ Soo ချီရန်လက်လှမ်းခေါ်နေစဉ် ကျွန်တော် ဦးအောင် အရင်ချီပြီး တစ်ခါမှမပေးဖူးသားသားပါးလေးအား အနမ်းတစ်ချက်။မွှေးလိုက်တာ မည်သည့် အမွှေးနံ့သာ၊ပန်းနံ့နဲ့မှမတူ ။နမ်းလိုက်တော့ မျက်လုံးဖွင့်လာပြီးကလေးရဲ့ " ဦးဦး " ဆိုတဲ့ အသံလေးက နှလုံးသားကိုအက်ဆစ်နဲ့ပတ်သလို၊တစ်ယောက်ယောက်က ဆွဲညှစ်သလို တင်းကြပ်လှသည် ။ယခုအချိန်မှာ "ငါသာ Soo အပေါ် ကောင်းခဲ့ရင်" ဆိုတဲ့ နောင်တတရားသာအခါခါ ဟုတ်တယ် ကျွန်တော်သာSooအပေါ်ကောင်းခဲ့ ရင် ယခုအချိန်မှာ အပျော် ရွှင်ရဆုံး မိသားစုလေးကို ကျွန်တော်ပိုင်ဆိုင်နေရမှာ။ အချောဆုံးမိန်းမ ၊ချစ်ဖို့ကောင်းပြီးလိမ္မာတဲ့ သားသားလေးနဲ့ မိသားစုသုံးယောက် လက်ကလေးတွဲ ၊ မေဘယ်လ်ရွက်တွေကြွေထားတဲ့ မြေနီလမ်းလေးမှာ လမ်းလျှောက် အတွေးနဲ့တင် နှလုံးသားလေးကိုအေးမြစေတယ်။

Blind In LoveWhere stories live. Discover now