<zawgyi>
Slave of love ch-4
*chanbaek*(yaoi story)''ကလင်…''
တံခါးဖွင့်လိုက်လို့မြည်လာတဲ့bellသံကြောင့်ဆိုင်ရှင်
သတင်းစာဖတ်နေရာက တံခါးကိုမော့ကြည့်တော့လူတယောက်…
အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ထားပြီး တောင့်တင်းတဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ကြည့်ကောင်းတဲ့ဥပတိရုပ်ရှိပေမယ့် မျက်နှာက အရမ်းတည်နေသလို…''ဘာယူမလို့လဲ…''
လှမ်းမေးပေမယ့် ဘာမှပြန်မဖြေပဲ ကောင်တာဆီသာ
လျှောက်လာရင်း လက်ထဲမှာ တချိန်လုံးကိုင် လာတဲ့လက်ကိုင်ပဝါတထည်ကို ကောင်တာပေါ်
တင်လိုက်ပြီး…''ဒီလက်ကိုင်ပဝါကို မနေ့က ကောင်လေးတယောက်
ဝယ်သွားတယ်…''
ခပ်မာမာပြောလိုက်တဲ့လူကြောင် ဆိုင်ရှင် ခဏမျှ
ကြောင်သွားတယ်
''သူ ဘာလို့ ဒီလက်ကိုင်ပဝါကို ဝယ်တာလဲ''ဆိုင်ရှင် စိတ်ညစ်ညစ်နဲ့ခေါင်းခါရင်း…
''ဒီမှာ…မင်း ဘာမှမဝယ်ရင် ပြန်ထွက်သွားတော့
ငါက ဆိုင်လာတဲ့လူတိုင်းကို မှတ်မိစရာ အကြောင်း
မရှိ…''စကားဆုံးအောင်နားမထောင်ပဲ ထိုလူခါးကြားထဲက
ထုတ်လိုက်တာကshort gunတခု…''ဟာ…မင်း…''
''ခင်ဗျားပြဿနာမတတ်ချင်ဘူးမဟုတ်လား…''
သေနတ်မောင်းကိုတင်လိုက်ရင်း
''မနေ့ကဒီဆိုင်ကို ကောင်လေးတယောက်လာပြီး ဒီလက်ကိုင်ပဝါဝယ်သွားတယ်…သူ ဘာလို့
ဝယ်သွားတာလဲ…''''ဟင်…အဲ့…တာတော့ ငါမသိဘူးလေကွာ…သူ ဆိုင်ထဲဝင်လာပြီး သူ့နာရီကို ဝမ်7,000နဲ့ရောင်းသွား
ပြီး ဆိုင်ထဲက ထွက်သွား…''ထိုလူတချက်စဉ်းစားဟန်နဲ့…
''ဒီ လက်ကိုင်ပဝါက ဘယ်လောက်လဲ…''''ဝမ်နှစ်ထောင်''
''ကျွန်တော် သူ့နာရီလိုချင်တယ်…''
ဆိုင်ရှင် အံဆွဲထဲက လက်ပတ်နာရီလေးတလုံးထုတ်
ပေးတော့…အိတ်ထဲက ငွေစက္ကူတစ်ထပ် ကောင်တာပေါ်တင်
ခဲ့ပြီး လှည့်ထွက်သွားတဲ့ထိုလူ…ငွေစက္ကူတွေကို ရေတွက်ကြည့်တော့…
ဟင်…ဝမ်တသိန်းကျော်…
YOU ARE READING
Slave of love (ChanBaek)
Fanfictionအချစ်...??အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ငါမသိခဲ့ဘူး...ကောင်လေး။ဒါပေမယ့်... ငါ မင်းကြောင့်နဲ့ ငါနားမလည်တဲ့စကားလုံးရဲ့ ကျေးကျွန်ဖြစ်လာခဲ့ရတယ်...။ အချစ်...??အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ငါမသိခဲ့ဘူး...ကောင်လေး။ဒါပေမယ့်... ငါ မင်းကြောင့်နဲ့ ငါနားမလည်တဲ့စကာ...