Slave of love(ChanBaek)

10.6K 638 2
                                    

<zawgyi>

Slave of love    ch-10
*chanbaek*  (yaoi fiction)

neck-tieစည်းပေးနေတဲ့ baekhyunရဲ့ လက်ကလေးကို ဆွဲယူပြီး နှုတ်ခမ်းနှစ်ခုကို
ငုံ့နမ်းရင်း နံရံဆီ တွန်းကပ်လိုက်တယ်။

တဖြည်းဖြည်းနဲ့ နစ်မျောလာမိတဲ့ အနမ်းတွေကို
baekhyunမရုန်းမိတော့…

ရုန်းမိတိုင်း ပိုကြာပြီးပိုအသက်ပါလာတဲ့ အနမ်းတွေက မပြီးတော့လို့ပါ။
ဒီရက်ပိုင်းတွေမှာ chanyeolသူ့အပေါ်
မခက်ထန်တော့…

တကယ်ပဲဖြစ်နေတာလား…ကျွန်တော်ထင်မိ တာလား…
ဒါမှမဟုတ်ရင် ဒါ သူ့ရဲ့ကစားနည်း အသစ်များ
လားဟင်

ဒီနည်းလမ်းက ပိုအသုံးဝင်မယ်ထင်တယ်နော်…
ဘာလို့လဲဆိုတော့

ညဘက်တွေမှာ ဖက်ထားပေးတဲ့ လက်တွေကို
ကျွန်တော် ကြည်နူးမိတယ်။

ဆံပင်ကို သပ်ပေးတဲ့ အထိအတွေ့တွေကို
ကျွန်တော်တောင့်တနေမိပါပြီ။

အခုလည်း ရှည်ကြာတဲ့ဒီအနမ်းတွေကို ကျွန်တော်
နှစ်သက်မိနေပြန်ပါပြီ…

တော်ပါတော့လားဟင်…
ဘယ်လိုပဲဖြစ်ဖြစ်…နာကျင်ရမှာက ကျွန်တော်မှန်း
ကြိုသိနေမိသလိုပါပဲ…

မေးစေ့လေးကို ဆွဲမော့လိုက်ရာကနေ
ပါးပြင်ကို ထိကိုင်မိတော့ ပူနွေးမှုကို ခံစားလိုက်ရတယ်။

နှုတ်ခမ်းချင်းခွာပြီး chanyeol baekhyunရဲ့
မျက်နှာကို သေချာကြည့်လိုက်မိတယ်။

မျက်လုံးဝိုင်းလေးတွေက အားမရှိစွာငေးနေပြီး
နှုတ်ခမ်းလေးတွေက ဖြူဖျော့ဖျော့နဲ့…

''မင်း ဖျားနေတာလား…''

baekhyunကိုယ့်ကိုကိုယ် သတိထားကြည့်တော့…
ဟုတ်လောက်တယ်။
နေလို့သိပ်မကောင်းဘူး…

baekhyun ဘာမှပြန်မပြောရသေးခင်မှာ
chanyeol ကုတင်ပေါ်တွန်းချလိုက်တယ်။

''ငါ့ကိုမထိနဲ့…မင်းဆီကနေ အဖျားကူးလိမ့်မယ်…''

chanyeol ခပ်ပြတ်ပြတ်ပြောင်္ပြီးအကျီ င်္ဆက်ဝတ်နေတယ်။
ပြီးတော့…
တချက်မှလှည့်မကြည့်တော့ပဲနဲ့ အခန်းထဲကနေ ထွက်သွားတယ်…

Slave of love (ChanBaek)Donde viven las historias. Descúbrelo ahora