Slave of love(ChanBaek)

9.7K 566 0
                                    

<zawgyi>

Slave of love   ch-13
*chanbaek*  (yaoi fiction)

အထက်တန်းကျောင်းကနေဆိုင်ဆီကိုဦးတည်ထားတဲ့လမ်းလေးဆီ baekhyunလျှောက်လာခဲ့တယ်။

ကျောင်းတက်တာ တစ်ပါတ်လောက်ရှိခဲ့ပါပြီ
သူငယ်ချင်းအသစ်တွေ ရပေမယ့် အရင်းနှီးကြီး
မဟုတ်သေးတဲ့အပြင် သူတို့အိမ်တွေနဲ့က
လမ်းချင်း တခြားစီမို့ တယောက်တည်းသာ
ပြန်လာခဲ့တယ်။

ကျောင်းတက်တာကတော့ အဒေါ် ကြီး အတင်း တက်ခိုင်းခဲ့တာပါ။
ဆိုင်မှာ အလုပ်သမားမရှိလို့ ခေါ်ထားတယ်လို့ပြော
ပေမယ့် ကျောင်းတက်ခိုင်းခဲ့တယ်။

လက်ထဲမှာလည်း အဒေါ်ကြီးပေးလိုက်တဲ့ ဖုန်းတစ်လုံးနဲ့…

ခုမှတွေ့တဲ့လူတယောက်ကို အလုပ်ခန့်တယ်။
ဆိုင်မှာပဲ နေစရာပေးတယ်။
ပြီးတော့ ပေးတဲ့လခက စားပွဲထိုးတယောက်ရဲ့
လခထက် အတော်များနေတယ်။
အခု လက်ထဲဖုန်းတလုံးထည့်ပေးပြီး ကျောင်းသွား
ဖို့ ပြောတယ်။
အခြေအနေက တခုခုတော့ မရိုးတာအမှန်…

သံသယဝင်နေမိကြောင်းကို အမှန်အတိုင်းဖွင့်ပြောမိ
တော့ ဆက်လက်မငြင်းနိုင်အောင် ပြောလာတာက…
'အဒေါ့်ရဲ့ ဆုံးသွားတဲ့သားနဲ့ အရမ်းတူလို့ 'တဲ့

အဒေါ့်ရဲ့သားနဲ့တူပေမယ့်ကျွန်တော်ကအဒေါ့်သားမှ မဟုတ်တာဗျာ…
ကျွန်တော့်အပေါ်ကို ဒီလောက်ထိ ကောင်းပေးစရာ
လိုလို့လားဟင်

ဘယ်သူကမှ ဂရုစိုက်တာကို မခံဖူးတော့
ကျွန်တော် အရမ်းပျော်မိသလို အားလည်းနာမိပါတယ်။

ဘယ်သူကမှ…………တဲ့

ဒီစကားတွေးမိရင် အမြဲတမ်း တယောက်ယောက်ကို သတိရမိတယ်…

အဲ့ဒီတယောက်ယောက်က…အကိုလား
အကိုကလား…
ကျွန်တော့်ကို ဂရုစိုက်တာလား…
ကစားနေတာလား…ဆိုတာကျွန်တော်မသိဘူး

မသိချင်ဘူး။
အဖြေက ကျွန်တော်မလိုချင်တာ ဖြစ်နေမှာဆိုးလို့ပါ
ကျွန်တော် အကို့ကို နားမလည်ဘူး

နားလည်တာတခုကတော့ အကို့အကြောင်းကို
ပြန်တွေးမိရင် မျက်ရည်အလိုလိုကျမိတယ်
အဲ့တာကြောင့် မတွေးချင်တော့တာပါ…

Slave of love (ChanBaek)Donde viven las historias. Descúbrelo ahora