<zawgyi>
Slave of love ch-6
*chanbaek*(yaoi fiction)suho ဒီမနက်တော့ စောစောထရပြီ။
မနေ့က တနေ့လုံးလည်း chanyeolကို မတွေ့လိုက်
ရတာမို့ ဒီနေ့တော့ တွေ့မှဖြစ်မယ်။chanyeolရဲ့အခန်းဆီထွက်လာခဲ့ရာက ဟိုကောင်လေးရဲ့အခန်းရှေ့ရောက်တော့…
''ဘာလဲဟ…အစောင့်လဲလိုက်တာလား…ဒီအစောင့်က အရင်တယောက်လောက် အရပ်မရှည်ပေမယ့်
ရုပ်တည်ကြီးနဲ့ တဇောက်ကန်းရုပ်…chanyeolလည်း ပိုက်ဆံပေါလို့လားမသိဘူး။
တံခါးလေးစောင့်တာတောင် လူတယောက်ပြီး
တယောက်လဲနေတာ…အခန်းဆီကိုရောက်တော့လည်းတံခါးစောင့်က
ရုံးခန်းထဲမှာတဲ့…
နောက်ဆုံးရုံးခန်းရောက်မှပဲ စားပွဲပေါ်က fileတစ်ထပ်နဲ့ အလုပ်ရှုပ်နေတဲ့ chanyeolကို
တွေ့ရတော့တယ်။chanyeol သူဝင်လာတော့မှ မော့ကြည့်ပြီး
''အင်း…ဘာလဲ''အေးတိအေးစက်ပြောတာကို စိတ်ထဲမှာ ဘာမှမဖြစ်
နေတော့ပါဘူး။chanyeolက အမြဲဒီအတိုင်းပဲလေ…''အခု ကိစ္စလေ…ငါ့အိမ်မီးလောင်သွားတာ''
''အင်း အဲ့တာ ငါ့အိမ်မှာပဲနေလိုက်ဦး''
''ဒါပေမယ့် ငါက သေသွားသလို ဖြစ်သွားတော့…''
''ငါ မင်းအတွက် စာရွက်စာတမ်းတွေလုပ်ဖို့ စီစဉ်ထားတယ်။နာမည်ပြောင်းပြီးတော့ နိုင်ငံခြား
ခဏသွားနေတာ ကောင်းလိမ့်မယ်။ငါ မင်းအတွက်
ဆရာဝန်ရာထူးနဲ့ ကိုယ်ရေးအချက်အလက်တွေကို
နာမည်အသစ်နဲ့ပြန်လုပ်ခိုင်းထားတယ်''နိုင်ငံခြားပါ သွားနေရဦးမှာလား…
''ဒါပေမယ့်…''suhoဘာပြန်ပြောရမှန်းမသိဘဲ ခေါင်းကုတ်နေမိရာက စားပွဲပေါ်က fileကို ကြည့်မိ
တော့…''Byun baekhyun''
ဟိုကောင်လေးရဲ့အကြောင်းလား…
ဘာပါလိမ့်…suhoကြည့်နေမိတော့ chanyeol fileကို
မှောက်လိုက်တယ်။သြ…မကြည့်စေချင်ရင်လည်းပြောပေါ့…
သူပဲ စိတ်မဝင်စားဘူးပြောပြီးတော့ အခုfile
ပြန်ရှာပြီး ပြန်စုံစမ်းနေတာမဟုတ်လား…
YOU ARE READING
Slave of love (ChanBaek)
Fanfictionအချစ်...??အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ငါမသိခဲ့ဘူး...ကောင်လေး။ဒါပေမယ့်... ငါ မင်းကြောင့်နဲ့ ငါနားမလည်တဲ့စကားလုံးရဲ့ ကျေးကျွန်ဖြစ်လာခဲ့ရတယ်...။ အချစ်...??အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ငါမသိခဲ့ဘူး...ကောင်လေး။ဒါပေမယ့်... ငါ မင်းကြောင့်နဲ့ ငါနားမလည်တဲ့စကာ...