Slave of love(ChanBaek)

9.7K 573 1
                                    

<zawgyi>

Slave of love   ch-16
*chanbaek* (yaoi fiction)

''သူ ဘယ်လိုနေသေးလဲ''
အခန်းထဲကထွက်လာတဲ့ဆရာဝန်ကို chanyeol
လှမ်းမေးလိုက်တယ်။

''သက်သာသွားပါပြီ။နောက်နှစ်ရက်လောက်နေရင်
ဆေးရုံကနေ ဆင်းလို့ရမှာပါ…''

ဆရာဝန်နဲ့ပြောပြီးတော့ သူအခန်းထဲ ဝင်လာခဲ့တယ်။
ကောင်လေး အိပ်ပျော်နေတာပဲ…

ဆေးရုံရောက်ပြီးကတည်းက baekhyunအိပ်ပျော်
နေတဲ့အချိန်တွေမှာပဲ သူအနားမှာရှိနေတာ များပါတယ်။
နိုးနေတဲ့အချိန်ဆိုရင် ငေးကြည့်နေတဲ့မျက်လုံးလေး
တွေကို အခုထိ ဘယ်လိုတုန့်ပြန်ရမလဲမသိသေးပါဘူး…

အိပ်နေတဲ့ကောင်လေးရဲ့နဖူးပေါ်က ဆံပင်တွေကို
chanyeolသပ်တင်ပေးလိုက်တယ်။
ပေါ်လာတဲ့နဖူးပြင်လေးက ပန်းနုရောင်
ယှက်သန်းလို့…

စောင်အပြင်ထွက်နေတဲ့လက်ကလေးတဖက်ကို
ဆုပ်ကိုင်လိုက်မိတော့…
ဒီလက်သေးသေးလေးက ဘာလို့များ ဒီလောက်တောင်ကြမ်းရတာလဲ…

မင်းရဲ့ဘဝကကော…ဒီလိုပဲလား
ဟုတ်လောက်မှာပါ…
ငါက ပိုတောင်သိရဦးမှာပဲ
ဘာလို့လဲဆိုတော့ မင်းကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာ
ငါပဲလေ…ကောင်လေး…

ဆုပ်ကိုင်ထားမိတဲ့လက်ကလေးရဲ့ လှုပ်ရှားမှု
တစ်ခုနဲ့အတူ ကောင်လေးရဲ့ မျက်လုံးလေးတွေ
ပွင့်လာတယ်

နိုးလာပြီပဲ…
ငါနိုးလိုက်မိတာလား…

အင်းလေ…ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားကိုတော့
မင်းနိုးနေတဲ့အချိန်မှာပြောမှဖြစ်မှာပဲ…
အခုတော့ ပြောချိန်တန်ပြီလေ…

ဘာလို့လဲဆိုတော့ မင်းကို အရင်တခါကလို
ထားခဲ့ပြီးတော့မှ နောက်ကွယ်ကနေ ငေးကြည့်ပြီး
ဒုက္ခမရောက်စေချင်တော့ဘူး…

ဒီတစ်ခါကလား…
မင်း ဘာမှမဖြစ်စေရတော့ဘူး…

ငါ မင်းအနားကနေ ထွက်သွားတော့မှာမို့လို့…

##############

ငါက မင်းကိုလိုအပ်တဲ့သူဖြစ်နေလို့…

ထားခဲ့တာမဟုတ်ပါဘူး
ထွက်သွားရတာပါ…

အဲ့တာကြောင့် မင်းကို…
အနည်းဆုံးတော့…
ငါ ခွင့်တောင်းခဲ့ဖို့တော့လိုမယ်ထင်တယ်…

Slave of love (ChanBaek)Where stories live. Discover now