<zawgyi>Slave of love ch-15
*chanbaek* (yaoi story)ကြီးမားထည်ဝါသော ဆေးရုံတစ်ခု၏ရှေ့တွင်
suho ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထား၍
ရပ်နေမိသည်။နိုင်ငံခြား သွားရမည်တဲ့…
ကိုယ့်နိုင်ငံနဲ့ အနှစ်နှစ်အလလ အလုပ်လုပ်ခဲ့တဲ့
ဒီဆေးရုံကိုတော့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ချင်
သေးတယ်။ဒါကြောင့် chanyeolရဲ့အိမ်ကနေ ခဏထွက်လာပြီး
ဟိုဟို၊ဒီဒီသွားမိရာက အရင်အလုပ်လုပ်ခဲ့တဲ့
ဆေးရုံကို ရောက်လာမိတာ…
ခဏလောက်တော့ ဝင်သွားလိုက်ပါမယ်လေ…
ကိုယ့်ကိုမမှတ်မိလောက်ပါဘူးဆေးရုံက သိပ်တော့အပြောင်းအလဲမရှိ…
အရင်က သူငယ်ချင်းတွေကိုတော့မတွေ့ပါဘူး
နယ်ဘက်မှာ အုပ်စုလိုက်တာဝန်ကျပြန်ပြီထင်တယ်အင်းပေါ့လေ
မတွေ့တာပဲကောင်းပါတယ်။ဆေးရုံထဲလျှောက်လာရာက ခွဲစိတ်လူနာစာရင်းကို
ကြည့်မိတော့…
အခု လူနာက Byun baekhyun…Byun baekhyun…ဒီနာမည်ကြားဖူးသလိုပဲ…
ဟင်…
ဟိုကောင်လေး…suho ခွဲစိတ်ခန်းရှေ့ကို ပြေးသွားမိတယ်
################
ခွဲစိတ်ခန်းရှေ့ရောက်တော့ ခုံပေါ်မှာ ထိုင်စောင့်နေတဲ့ chanyeol…
ကုတ်အင်္ကျီမှာ သွေးတွေတစ်စွန်းတစ ပေနေတယ်…
ဘေးမှာတော့ မတ်တက်ရပ်နေကြတဲ့ သူ့လူနှစ်ယောက်…suho chanyeolရဲ့ဘေးမှာသွားရပ်လိုက်တယ်
chanyeol သူ့ကိုမြင်ပုံမရ…
နံရံကိုသာ ငေးကြည့်နေတယ်ဒီလောက်တောင် သတိလွတ်နေတာပဲ…
ဘာတွေဖြစ်ခဲ့တာလဲ''chanyeol…''
suhoရဲ့အသံကြားတော့ chanyeol
စိတ်မပါစွာမော့ကြည့်လိုက်တယ်။
ဒါပေမယ့် ဘာမှမပြောမိ…
စိတ်ထဲမှာ ဘာမှမရှိသလို…''ဘာဖြစ်တာလဲ…''
suhoရဲ့အမေးကို chanyeolအဖြေရှာဖို့
ဆံပင်တွေကို သပ်တင်လိုက်မိတယ်
ဘာဖြစ်တာလဲ…ဟုတ်လား…''ငါအသုံးမကျတာလေ…ဟား…Park chanyeol ဆိုတဲ့ကောင် အသုံးမကျတာ…''
အံကြိတ်ပြီးပြောလိုက်မိတယ်
YOU ARE READING
Slave of love (ChanBaek)
Fanfictionအချစ်...??အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ငါမသိခဲ့ဘူး...ကောင်လေး။ဒါပေမယ့်... ငါ မင်းကြောင့်နဲ့ ငါနားမလည်တဲ့စကားလုံးရဲ့ ကျေးကျွန်ဖြစ်လာခဲ့ရတယ်...။ အချစ်...??အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ငါမသိခဲ့ဘူး...ကောင်လေး။ဒါပေမယ့်... ငါ မင်းကြောင့်နဲ့ ငါနားမလည်တဲ့စကာ...