Unicode
အခန်းထဲကို ခပ်ဖြာဖြာကျရောက်နေသော နေရောင်ခြည်နွေးနွေးလေးနှင့်အပြိုင် တိုးဝင်လာတဲ့ အေးမြမြလေလေးကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြုံးလိုက်မိသည်...။
ဒီနေ့ကတော့ တခြားနေ့တွေနဲ့မတူ သူရဲ့စိတ်တို့ရွင်လန်းပေါ့ပါးနေလေသည်...။
မျော်လင့်နေသော အချိန်လေးတစ်ခု ရောက်လာတာကြောင့်လဲပါမည်...။ကုတင်ပေါ်မှာလှဲနေရင်းမှထပြီး ခန္ဓာကိုယ်ကို ခပ်မတ်မတ်ဖြစ်အောင်ပြင်လိုက်ကာ ဘေးကခုံပေါ်တွင်တင်ထားသော အပြာနုရောင်စာအုပ်လေးအား ဆွဲယူလိုက်ပြီး အသာအယာဖွင့်လိုက်မိသည်...။
စာအုပ်လေးရဲ့ အလည်တည့်တည့်မှထွက်လာသောပုံလေးကိုကြည့်ပြီး ခပ်ဖွဖွပြုံးကာ လက်ဖြင့်အသာထိတွေ့မိလိုက်သည်...။
ကြည့်စမ်းပါအုံး မျက်လုံးလေးတွေပျောက်ကာ ပါးပြင်လေး မို့တက်နေအောင် ရီမောနေတဲ့ ကိုယ့်ရဲ့ ကလေးငယ်လေး ဘယ်လောက်တောင် ဟန်ဆောင်မှုကင်းစင်ပြီး နူးညံ့နေသလဲဆိုတာ ပြောဖွယ်ရာမရှိ...
" Jungkook ssi ပြုံးနေပါ့လား... ဘာတွေပျော်စရာများရှိလို့လဲ"
အသံကြားတော့မှ ဘေးနားမှာလူရောက်နေမှန်းသတိထားမိကာ စာအုပ်လေးကိုပိတ်ပြီးခုံလေးပေါ်အသာပြန်တင်ထားလိုက်သည်...။
" ဒီလိုပါဘဲဗျာ ပျော်စရာနည်းနည်းလေးရှိလို့..."
" Jungkook တစ်ယောက် တစ်ခါမှဒီလိုရွှင်ရွှင်လန်းလန်းဖြစ်တာမမြင်ဘူးလို့ အခုရောသက်သာပြီလား အသားတွေနာနေသေးလား "
သူကိုပြောလည်းပြော လက်ကသွယ်ထားတဲ့ပိုက်လေးကို ဖြုတ်ရင်း အလုပ်များနေသော သူနာပြု Soo ကို တစ်ချက်ကြည့်ပြီး...
" မနာတော့ပါဘူး အခုလေးတင် တစ်အိတ်သွင်းလိုက်တာဆိုတော့ သက်သာနေပါပြီ "
" အဲ့တာဆိုနောက် ၅နာရီလောက်နေရင် ပြန်လာခဲ့မယ်နော် နောက်ထပ် ထပ်သွင်းရအောင်"
" ဟုတ်ကဲ့ပါ သူနာပြု Soo... ဒါနဲ့လေ ဘေးအခန်းမှာလူနာအသစ်ရောက်လာပြီလား"
" အင်း... မနက်အစောကြီးကတည်းကရောက်နေတာ... ထူးထူးဆန်းဆန်း သူများအကြောင်းတွေမေးလို့ပါလား..."