#စကားဦး

435 24 1
                                    


စကားဦး
******
ဒီစာအုပ်ကို ကျွန်တော်ရေးထားတာ
အတော်တော့ ကြာပြီဗျ။ ရေးရတဲ့အကြောင်း.ရင်း ကတော့ ပြန့်ကြဲနေတဲ့ သမိုင်းအပိုင်းအစအားလုံးကို ပြန်စုစည်းချင်လို့ပါ။
ကျွန်တော်ဒီစာအုပ်ကို ရေးပြီးတင်ဖို့
လုပ်မယ့်အချိန်မှာ နိုင်ငံရေးစာအုပ်တွေ
ဗုံပေါလအော ထွက်လာပါတယ်။ နိုင်ငံရေးပို့စ်တွေကလည်း ဆက်တိုက်တတ်လာနေပါ
တယ်။ ဆိုတော့ အကုန်လုံးနဲ့ ပေါ်င်းပြီး ဒီစာအုပ်ဟာ ရောထွေးသွားမှာ စိုးတာကြောင့်
ကျွန်တော် စာအုပ်ထည့်တဲ့ ဘီရိုထဲမှာပဲ ထည့်သိမ်းထားလိုက်တယ်။ အဲဒါ မရှိဘူးဆိုရင် သုံးနှစ်လောက်ကြာသွားတယ် ထင်ပါရဲ့။
ဒီနေ့တော့ စာအုပ်ဘီရိုကို ရှင်းရင်းနဲ့
ဒီစာအုပ်ကို အမှတ်တမဲ့ ပြန်တွေ့တဲ့အခါ
ပြန်တင်ချင်စိတ်တွေ ပေါ်ပေါ်က်လာရပါ
တယ်။

ကျွန်တော်အခုလိုနိုင်ငံရေးအကြောင်း
ရေးတယ်ဆိုတော့ မင်းကနိုင်ငံရေးအကြောင်း ဘယ်လောက်နားလည်လို့လဲလို့ မေးစရာရှိပါတယ်။ ဟင့်အင်း ကျွန်တော်တစ်လုံးတစ်စေ့မှ နားမလည်ပါဘူး။ အဲဒါကြောင့် ဒီစာအုပ်ကို ကျွန်တော် လေ့လာမိခြင်းလို့ နာမည်ပေးထားတာပါ။ သိလို့၊တတ်လို့ ဆရာလုပ်ပြီး ဝင်ရေးတယ်လို့တော့ မယူဆပါနဲ့။ ကျွန်တော်က
သမိုင်းအချက်အလတ်လောက်ကိုပဲ လေ့
လာရေးပြသွားမှာပါ။ ဒါပေမယ့် အယူအ
ဆတွေကတော့ များစွာကွဲလွဲနိုင်ပါတယ်။
ကျွန်တော်ရေးပြထားတာတွေဟာ အမှန်ချည်းပဲလို့လည်း ကျွန်တော် မဆိုလိုပါဘူး။
ကျွန်တော် ရှာဖွေထားသမျှလေးကို ကြိုး
စားဖော်ပြပေးတာပါ။ မှားတာတွေ့ရှိခဲ့ရင်
စာဖတ်သူများက အမှန်ပြင်ပေးကြဖို့ကို ကျွန်တော်တောင်းဆိုပါတယ်။

အခုနိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးအကြောင်းကို ကျွန်တော် မပြောခင်မှာ ဒီမိုကရေစီအကြောင်းကို ကျွန်တော်အရင်ပြောပြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းထဲက
နိုင်ငံရေးခေါ်င်ဆောင်များရဲ့ အဓိက
ရည်ရွယ်ချက်ဟာ ဒီမိုကရေစီ ဖြစ်နေလို့ပါပဲ။ ဒီ ဒီမိုကရေစီအကြောင်းကို အနည်းငယ်
ပြောပြမှ ဒီခေါ်င်းဆောင်တွေဟာ ဘာကြောင့် ဒီလိုအလုပ်တွေလုပ်ခဲ့ကြတာလဲဆိုတာကို
သဘောပေါ်က်မှာပါ။ ဆိုတော့ ကျွန်တော်
ဒီမိုကရေစီအကြောင်းကို အရင်စပြောမှာပါ။ ဒီအတွက် အမှားပါရင် ကျွန်တော်ကို
ခွင့်လွှတ်ကြဖို့ ကြိုတင်မေတ္တာရပ်ခံ
အပ်ပါတယ် ခင်ဗျ။
Oct14.2017
Minsetwai

မြန်မာနိုင်ငံရေးသမိုင်းအား လေ့လာခြင်းWhere stories live. Discover now