1920AD

99 7 0
                                    

1920AD
ထိုကာလတွင် ရန်ကုန်တက္ကသိုလ်ရှိ ပညာတတ် ကျောင်းသားခေါ်င်းဆောင်များသည် အမျိုးသားရေးလှုပ်ရှားမူများတွင် ပါဝင်လာကြပြီး ရန်ကုန်တက္ကသိုလ်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးအတွက် ဗဟိုကျသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ထိုကြောင့် ၁၉၂၀ပြည့်နှစ်တွင် ပထမဦးဆုံးသော ကျောင်းသားသပိတ် စတင်ပေါ်ပေါက်ခဲ့သည်။ ပေါ်ပေါ်က်လာခဲပုံမှာ
ထိုကာလတွင် ကျွန်တော်တို့မြန်မာနိူင်ငံ၌ အမျိုးသား အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများကို တည်ဆောက်ခဲ့ကြသည်။

ထိုနောက် ထိုကျောင်းများမှ အောင်မြင်လာသော ကျောင်းသားများအား ဆက်လက်ပညာသင်ကြားနိူင်ရေးအတွက် အမျိုးသားကောလိပ်ကို တည်ထောင်ရန် အခြေအနေဖြစ်ပေါ်လာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာ၁၉ရက်နေ့တွင် ပြည်လုံးကျွတ် အစည်းအဝေးကြီးကျင်းပပြီး အမျိုးသားကောလိပ်ကြီးကို ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုဆုံးဖြတ်ချက်အတိုင်း ၁၉၂၁၊ သြဂုတ်၁၄ရက်နေ့တွင်၊ ရန်ကုန်မြို့၊ ဗဟန်းရပ်၊ရွှေကျင်ကျောင်းတိုက်ကြီး အတွင်း၌ အမျိုးသားကောလိပ် ကို ဖွင့် လှစ်နိူင်ခဲ့ကြသည်။ တစ်ဖက်တွင်မူ ဒီဇင်ဘာ ၁ရက်နေ့၌ အင်္ဂလိပ်တို့သည် ရန်ကုန်အက် ဥပဒေသစ်တစ်ရပ်ကို ပြဌာန်းနေခဲ့ကြသည်။ ထိုဥပဒေသစ်ကို နယ်ချဲ့တို့မှ ပြဋ္ဌာန်းခြင်းသည် မြန်မာကျောင်းသားများအား လွတ်လပ်စွာ ပညာမသင်ကြားနိူင်အောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ထိုဥပဒေတွင် ပါဝင်သော အချက်များကို ဂျီစီဘီအေက ကန့်ကွတ်သော်လည်း ဘုရင်ခံ ဆာရီနယ် ဂေရက်ဒေါ်က်က ခွင့်မပြုခဲ့ပေ။ ထိုကြောင့်ပင် တက္ကသိုလ် ကျောင်းသားခေါ်င်းဆောင် ၁၁ဦးတို့သည် ရွှေတိဂုံရင်ပြင်တော်ပေါ်တွင် ဥပဒေကို ဖျတ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုသို့ တောင်းဆိုဆန္ဒပြကြရာတွင် အချက်(၃)ချက် ရှိခဲ့သည်။

ယင်းတို့မှာ
(၁) ဒီဇင်ဘာ ၁၇ရက်နေ့တွင် လက်ထောက်ဘုရင်ခံမှ ရန်ကုန်ကောလိပ်သို့ ရောက်ရှိလာသောအခါ ကျောင်းသားအများစုသည် စာအုပ်ပိုက် ထွက်လာပြီး သပိတ်မှောက်ကြရန်..။

မြန်မာနိုင်ငံရေးသမိုင်းအား လေ့လာခြင်းWhere stories live. Discover now