1930AD

33 4 0
                                    

မြန်မာနိုင်ငံရေးသမိုင်းကို လေ့လာခြင်း

1930AD
________

ထိုကာလတွင် မြန်မာနိုင်ငံရေးသမိုင်း၌
သခင်ဘသောင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးကြီးကို ဖွဲ့စည်း
တည်ဆောက်ခဲ့သည်။

ထိုနောက် ရေနံချောင်းတွင် တို့ဗမာ
အစည်းအရုံး၏ ပထမဦးဆုံး ညီလာခံကို ကျင်းပခဲ့ကြသည်။

ထိုညီလာခံတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း ပါဝင်တတ်ရောက်ခဲ့သည်။

ထိုမှတဆင့် ကိုယ်တော်မှိုင်းသည်
အဖွဲ့အစည်း၏ ပြန်ကြားရေး ဌာနတွင်
တာဝန်ယူပြီး တစ်နိုင်ငံလုံးသို့
နိုးတော်စာရေးကာ စည်းရုံးမူများကို
လုပ်ဆောင်ခဲ့သည်။

ထိုအချိန်က သခင်ဘသောင်းမှာလည်း
"ဗြိတိသျှ အစိုးရသည် မြန်မာပြည်သူတို့က စေသောကျွန် ဖြစ်ရမည်။

မြန်မာပြည်သူတို့ကသာလျှင် အရှင်သခင် အစစ်ဖြစ်သည်။"
ဟုဆိုကာ နာမည်ရှေ့တွင် သခင်ဆိုသော
ဝေါဟာရကို ထည့်သွင်းခဲ့ပြီး ဗြိတိသျှအစိုးရကို ဆန့်ကျင်ခဲ့သည်။

သခင်ဘသောင်း၏ ထိုအချိန်က
ဆန့်ကျင်ခဲ့သော ကြွေးကြော်သံမှာ
အမေကမွေး၊ ထောင်ကကျွေး ဟူပေ၏။

ထိုကြွေးကြော်မူကြောင့်လားတော့မသိ။

ဗြိတိသျှတို့မှာ တို့ဗမာအစည်း
အရုံးဝင်များမှ
သခင်များစွာကို နိုင်ငံရေးဟောပြောမူဖြင့်
အကျဉ်းချခဲ့ကြသည်။

ထိုအပြင် ဒီဇင်ဘာ ၂၂ရက်နေ့တွင် သာယာဝတီခရိုင်၊ အလံနီတောင်စခန်းကို
ဗဟိုပြုပြီး ဂဠုန်ဆရာစံဦးဆောင်သည့်
တောင်သူလယ်သမား တော်လှန်ရေးကြီး
ပေါ်ပေါ်က်လာခဲ့သည်။

ထိုတော်လှန်ရေးကြီးတွင် ဆရာစံကို
ဖမ်းဆီးခဲ့ကြပြီးနောက်
ဗြိတိသျှ အစိုးရသည်
သာယာဝတီထောင်တွင် ကြိုးစင်တင်၍
ကွပ်မျတ်ခဲ့ကြလေသည်။

Ref::
_ဦးတင်ဦး(ကျူရှင်)၏
သခင်ကိုယ်တော်မှိုင်း
_နိုင်ငံရေးဂျာနယ်များ..
________________________________

မြန်မာနိုင်ငံရေးသမိုင်းအား လေ့လာခြင်းWhere stories live. Discover now