1961AD

23 3 0
                                    

1961AD

ထိုနှစ် ဧပရယ်လ ၂ ရက်နေ့ တွင် မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမောင်သည် KNDO ကရင်သူပုန်များ၏ သောင်းကျန်းမူအပေါ် မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ၎င်းတို့ ကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့သည်။ ထိုနောက်တွင် ဒဂုန်လွင် မီးရထားလုပ်ကြံခံရသည်။ ထိုသို့  လုပ်ကြံခံရပြီးနောက် အစိုးရသည် မြို့ ရွာငြိမ်ဝပ်ပိပြားရေး  ရထားလမ်းများ လုံခြုံရေး သောင်းကျန်းသူများကို နှိမ်နှင်းရေး အလုပ်များကို ပိုမိုဂရုစိုက်ဆောင်ရွက်လာခဲ့သည်။

ဇွန်လတွင်မူ ရှမ်းပြည်နယ်အစိုးရသည် တောင်ကြီးမြို့ နယ်တွင် ညီလာခံကျင်းပပြီး ရှမ်းမူဟုခေါ်သော ဖတ်ဒရယ်စစ်စစ်မူဝါဒအား တင်ပြခဲ့ကြသည်။ ထိုအခြေအနေများကြောင့် ဝန်ကြီးချုပ် ဦးနုက အခြေခံဥပဒေပြင်ဆင်ရန်အတွက် စုံစမ်းရေးကော်မတီ ဖွဲ့ စည်းပြီး အခြေခံဥပဒေကိုပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြသည်။

ကိုးကား
ဆရာကျော်ဝင်း၏ ဖက်ဒရယ်မူ သဘောတရားနှင့်လက်တွေ့ 

မြန်မာနိုင်ငံရေးသမိုင်းအား လေ့လာခြင်းWhere stories live. Discover now