1921AD

61 5 0
                                    

1921AD

ထိုကာလတွင် ဂျီစီဘီအေ အသင်းချုပ်ကြီး၏ လှုံဆော်မူဖြင့် တစ်နိုင်ငံလုံးမှာ အမျိုးသားစိတ်ဓာတ်များ တတ်ကြွလာခဲ့ကြသည်။
ထိုအတူ တက္ကသိုလ်ကျောင်းသားများ၏ ကိုလိုနီပညာရေး ဆန့်ကျင့်မူသပိတ်ကြီး ပေါ်ပေါ်က်ခဲ့ပြီး အလုပ်သမားများမှာလည်း ပို၍ သွေးစည်းညီညွတ်လာခဲ့ကြသည်။
ထိုသို့ဖြင့် သပိတ်တိုက်ပွဲများဖြင့် ပို၍ရင်းနှီးကျွမ်းဝင်လာကြပြီးနောက် ပြည်သူလူထုတို့၏ ထောက်ခံအားပေးမူဖြင့် သံလျှင် ရေနံချက်အလုပ်သမားများမှ သပိတ်မှောက်ခဲ့ကြရာ အောင်မြင်ခဲ့ကြသည်ဟူ၏။

ထိုသို့ ဘက်စုံနယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကြောင့် တစ်နိုင်ငံလုံးအား အမျိုးသားစိတ်ဓာတ် မြင့်မားလာစေခဲ့ပြီး လူထုလူတန်းစားများလည်း ပို၍စုစည်းမိကာ မြန်မာနိုင်ငံရေး ဖြစ်ပေါ်တိုးတတ်မူသြဇာနှင့် အလုပ်သမား လူတန်းစားများ၏ လှုပ်ရှားမူတို့မှာ ဆက်စပ်မိသွားတော့သည်။

ထိုကာလများတွင် ဆရာတော်ဦးဥတ္တမ၏လှုပ်ရှားမူများကလည်း အရေးပါ အရာရောက်ခဲ့သည်။ မတ်လ၂၃ရက်နေ့တွင် ဆရာတော်သည် မြစ်ဝကျွန်းပေါ်ဒေသမြို့နယ်၊ ဆူးကလပ်ကျေးရွာတွင် လူခွန်၊လယ်ခွန်မပေးရေးတရားကို ဟောပြောခဲ့သည်။ ထိုဟောပြောမူကြောင့်ပင် မတ်လ၃၁ရက်နေ့တွင် ဗြိတိသျှအစိုးရအား အကြည်ညိုပျက်အောင်ဟောပြောမူဟုဆိုပြီး ဖမ်းဆီးခြင်းကို ခံရလေသည်။ ထိုနောက် ဆရာတော်အား ပြစ်ဒဏ် လ၂၀ကျခံစေခဲ့သည်။ ထိုသို့ဖြင့် နိုင်ငံတော်သည် ပိုပြီး စည်းလုံးမူ အားကောင်းလာစေသည်ဟု ထင်မြင်ရလေသည်။ သို့ပါသော်လည်း တစ်ဦးတစ်ယောက်က ခေါ်င်ဆောင်ပြမှ နောက်ကတစ်အုပ်တစ်မက လိုက်ရမည်ဖြစ်ရာ ရှေ့က ထိုးထွက်မည့်သူတစ်ဦးက လိုအပ်နေဆဲပင်ဖြစ်၏။

မြန်မာနိုင်ငံရေးသမိုင်းအား လေ့လာခြင်းWhere stories live. Discover now