"Ohmygod"
ပြိုင်ပွဲဝင်နံပါတ် 88 က KyungSoo ကိုတစ်ကယ်စိုက်ကြည့်နေတာ...သူ့ပုံစံက ခံစားမှုမရှိတဲ့ လူတစ်ယောက်လိုပဲ..ဒါပေမဲ့ သူ့မျက်လုံးတွေက နက်ရှိုင်းပြီး စူးရှနေတယ်....KyungSoo ကြောက်ရွံ့မှုကြောင့် မျက်လုံးတွေပြူးလာတယ်.. အဲ့ပြိုင်ပွဲဝင်သူမကိုကြည့်နေတယ်ဆိုတဲ့ အသိက သူမခန္တာကိုယ်ကို ဓာတ်လိုက်နေသလို ခံစားရစေတယ်...များစွာသောမိန်းကလေးတွေထဲကမှ သူမကိုသတိထားမိလိမ့်မယ်လို့ မထင်ထားမိဘူး...
ပြီးတော့အဲဒါကလုံးဝ တိုက်ရိုက်ကြီး!
သူမထင်ယောင်ထင်မှားဖြစ်နေတာလားလို့ထင်ပေမဲ့ မဟုတ်ဘူး...အဲဒီ့ နက်ရှိုင်းတဲ့မျက်လုံးတွေက သူမဆီကို ဦးတည်နေ_သူမကို မျက်လုံးချင်းဆုံပြီးတော့ကို ကြည့်နေတာ...အဲလို ရိုးရိုးလေးအကြည့်ချင်းဆုံရုံနဲ့ အသက်ရှုမှားလောက်လိမ့်မယ်လို့ သူမ မထင်ခဲ့မိဘူး....ရုတ်တရပ်ကြီး Kai ကသူ့နှုတ်ခမ်းထောင့်လေးကို တွန့်ရုံလေးပြုံးလိုက်တယ် KyungSoo အဲ့နားမှာတင်မလှုပ်မယှက်နဲ့ လည်ချောင်းတွေပါခြောက်လာသလိုပဲ...သူငါ့ကို လှောင်နေတာလား??
သူမမျက်နှာ ရှက်ရွံ့မှုကြောင့်နီရဲလာတယ်.."Baek..Baek..သွားကြရအောင်.."KyungSoo ကသူမသူငယ်ချင်းလက်ကိုအမြန်ဆွဲရင်းသွားဖို့ လုပ်လိုက်တယ်...
God!! အဲဒါကအရမ်းရှက်ဖို့ကောင်းတယ်..သူမအဲ့ပြိုင်ပွဲ ဝင်ကို မပြောသင့်တဲ့စကားတွေ ဂရုမစိုက်ဘဲ အသည်းအသန်ပြောခဲ့တာ သိပါတယ် ဒါပေမဲ့မိသွားတယ်ဆိုတာကတော့ သူမ မထင်ထားတဲ့အကြောင်းအရာတစ်ခု...
သူမအဲ့စကားတွေကို တစ်ကယ်ဆိုလိုခဲ့တာမှ မဟုတ်တာ....သေစမ်း!!!Baekhyun ကတော့ လှုပ်တောင်မလှုပ်ဘူး...KyungSoo ခေါ်ရာနောက်ကို အူကြောင်ကြောင်လေးနဲ့ ပြေးလမ်းပေါ်လက်ပြရင်း သိုင်းကွက်နင်းပြီးပါသွားတယ်... KyungSoo ကမောဟိုက်စွာ အသက်ရှုရင်း သူမရဲ့အခုန်မြန်နေတဲ့ ရင်ဖက်ပေါ်လက်နဲ့ဖိထားတယ်...
သူမ သူ့ကိုယ်သူ အရမ်းရှက်တယ်.."ဟဲ့ နင် အဲ့တစ်ယောက်ကို rape လုပ်ချင်တယ်လို့ငါထင်ခဲ့တာ..ငါတို့အနည်းဆုံး တော့နည်းနည်းကြာအောင် နေသင့်တယ်..ဘယ်သူသိနိုင်မလဲ..သူ့ ph.no ရလာပြီး နင့်အတွက် အခွင့်အရေး ရှိလာမလားဆိုတာ..."
YOU ARE READING
Summer Falter
FanfictionKyungsoo ရဲ့ဘဝနှစ်ခုလုံးမှာ အကောင်းရော အဆိုး ရော ဒွန်တွဲနေတယ် သူဟာ ယောကျာ်းလေးဘဝ မိန်းကလေးဘဝ တစ်နှစ်စီ နှစ်တိုင်းဖြစ်နေတယ် အဲဒါ ရောဂါ တစ်ခုမဟုတ်သလို ကျိန်စာ တစ်ခုလည်း မဟုတ်ပြန်ဘူး ကုသလို့လည်း မရဘူး Serious relationship ဆိုတာ Kyungsoo ဘဝမှာမရှိဘူး...