"ရှင် ကျွန်မကို နောက်နေ__"
"တက်နော် မဟုတ်ရင် အခုချက်ချင်းမင်းကို ဒီမှာတင်လုပ်လိုက်ရမလား"
Kai က KyungSoo ကြောက်လောက်တဲ့အထိကို ရုပ်တည်ကြီးနဲ့ပြောနေတာ။ဒါပေမဲ့ ရုပ်တည်တာတောင် ခန့်ညားနေတုန်းပဲ...
သူမ သူ့နောက်မှာထိုင်ပြီးပြီးချင်း သူကလမ်းပေါ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားတယ်...သူမ ယောက်ျားလေးတစ်ယောက်ကို ရန်စမိသလိုပဲ။
အဲတော့ သူ့ခါးကိုဖက်ထားမှရမယ်လေ။ ပြီးတော့ အဲ့လိုအထိအတွေ့လေးတစ်ခုက သူမနှလုံးသားကို တူနဲ့ထုသလို ကျယ်ကျယ်လောင်လောင် ခုန်စေတယ်။မြန်မြန်မောင်းလေလေ သူမ ပြုတ်ကျမှာဆိုးလို့ ဆုပ်ကိုင်ထားလေလေပဲ။Kai ကအနီးအနားက ဟိုတယ်တစ်ခုမှာရပ်လိုက်ပြီးတော့ သူမလက်ကို အနည်းငယ်ကြမ်းတမ်းစွာကိုင်ပြီး အထဲကိုခေါ်သွားလိုက်တယ်။reception ကိုတောင် မဝင်တော့ဘဲ ဓာတ်လှေကားထဲထိ စကားတစ်ခွန်းမှမပြောဘဲ ဆွဲခေါ်သွားတယ်။KyungSoo ရဲ့နှလုံးခုန်သံတွေက အရမ်းကို ပြင်းထန်နေပြီ။ဓာတ်လှေကားထဲရောက်တော့ KyungSoo က Kaiနဲ့ခပ်ခွာခွာမှာရပ်လိုက်ပြီး သူ့ကို မျက်လုံးထောင့်ကနေ ခိုးကြည့်နေတယ်။ Kai ကအဲ့လိုရုပ်တည်နေရင်တောင်မှ ပိုပြီးချောနေသလိုပဲ....သူ့ရဲ့မျက်လုံးတွေက နက်နေပြီးတော့ ကြည့်ကောင်းတဲ့မေးရိုးကလည်း အံကြိတ်ထားလို့ ထင်းနေတယ်။ Gosh!! တိတ်ဆိတ်မှုက နေရာယူလွန်းနေပြီ။ သူမသတိလစ်တော့မယ်တောင် ထင်ရတယ်။
သူတို့တကယ်ပဲ အဲ့ဒါကို လုပ်ကြတော့မှာလား?တကယ်ပဲ ဖြစ်လာတော့မှာပေါ့? Fuck fuck fuck သူမအရမ်းစိတ်လှုပ်ရှားနေပြီ။
အဲဒါကြောင့် သူမပိုက်ဆံအိတ်ကို မွှေနှောက်ရှာဖွေပြီးတော့ Baekhyun ရဲ့အရက်ပုလင်းလေးကို ထုတ်လိုက်တယ်။ သူမအဲဒါကို အရမ်းလိုအပ်နေပြီမို့ မော့သောက်လိုက်တယ်။
"အဲဒါ အရက်လား?"Kai ကမျက်မှောင်ကျုံ့ပြီး မေးလိုက်တယ်။
"ကျွန်မ စိတ်လှုပ်ရှားနေလို့.." KyungSoo အမှန်အတိုင်းဝန်ခံလိုက်တော့ Kaiက နှုတ်ခမ်းကို တွန့်တယ် ဆိုရုံလေး ပြုံးလိုက်တယ်။
"မင်း စိတ်လှုပ်ရှားသင့်တာပေါ့ ဘာလို့လဲဆိုတော့ မင်းကိုယ့်ကို စိတ်တိုအောင်လုပ်ခဲ့တယ်လေ"
အဲ့အချိန် သူမကမ္ဘာကြီး အဆုံးသတ်သွားသလိုပဲ။
ဓာတ်လှေကားက ၁၁လွှာမှာရပ်သွားတော့ Kai ကသူမကိုဆွဲခေါ်သွားတယ်။ အရာအားလုံးက လျင်မြန်စွာဖြစ်ပျက်နေတယ်။ပြီးတော့ KyungSoo အတွက်ရုတ်တရက်အဲ့လို ထိတွေ့မှုက ခံစားဖို့များလွန်းနေပြီ။သူမအတွေးတွေ ကနယ်လွန်နေပြီလေ။လိုချင်တပ်မက်မှုက သိသာနေပြီးတော့ နောက်ဆုံးသူမ လေဟာနယ်ထဲရောက်သွားသလိုပဲ။သူ့ကို ထိတွေ့ဖို့ သူမ နည်းနည်းလေးတောင် မစောင့်နိုင်တော့ဘူး...သူ့ကို အရမ်းအရမ်းကို နမ်းချင်နေပြီ...
တံခါးပိတ်ပြီးပြီးချင်း သူတို့နှုတ်ခမ်းတွေ တွေ့ဆုံသွားကြတယ်...ဒီအနမ်းကဘာမှမဟုတ် ပေမဲ့ ကြမ်းတမ်းနေတယ်။Kai က နူးညံ့ဖို့လောက်ထိကို စိတ်မရှည်တော့လို့ သူ့ရဲ့လျှာကို သူမပါးစပ်ထဲ ထိုးသွင်းလိုက်တယ်...
သူမခံတွင်းထဲမှာအရမ်းကိုနွေးထွေးပြီးတော့ စွဲမက်စရာကောင်းလွန်းတော့ သူ့တစ်ကိုယ်လုံးပူလာသလို ခံစားရတယ်...ပြီးတော့ နမ်းနေတာကိုမရပ်ဘဲနဲ့ သူ့အင်္ကျီကို အမြန်ချွတ်လိုက်တယ်။ KyungSoo ကလည်း သူမတကယ်ဘာလုပ်နေလဲ မသိဘဲနဲ့ ကူညီပေးနေတယ်။ မဆီမဆိုင် စိတ်မရှည်လာမှုကြောင့် သူတို့ကြယ်သီးတောင် ကုန်အောင်မဖြုတ်နိုင်တော့ဘူး။အဲဒါကြောင့် သူကဒီအတိုင်း သူမရဲ့ခါးကိုဖက်လိုက်ပြီး လက်တစ်ဖက်ကလည်း သူမကျောတစ်လျှောက်ကနေ သူမတင်သားတွေဆီမှာ ရပ်တန့်သွားခဲ့တယ်...သူမရဲ့ ဝမ်းဗိုက်မှာ လာထောက်နေတဲ့ သူ့ရဲ့မာကျောနေတဲ့ လိုချင်တပ်မက်မှုကို ခံစားမိတော့ သူမ ခဏအသံထွက်လိုက်မိတယ်။ သူမ လေရဖို့အတွက် ခဏလောက် ပါးစပ်ဟလိုက်ပေမဲ့ ချက်ချင်းပြန်အလုပ်လုပ်ရတယ်။ သူ့ရဲ့ချွေးတွေကြောင့် မီးရောင်အောက်မှာ လက်နေတဲ့ ဆံပင်တွေကြားထဲကို သူမလက်နဲ့ထိုးဖွပြီး ဆုပ်ကိုင်လိုက်တယ်။နမ်းနေရင်းကနေ တစ်ဆင့် သူ့ရဲ့ညည်းတွားသံကိုကြားလိုက်ရတယ်။ သူ့ရဲ့အသက်ရှုသံတွေက ချိုမြိန်မှုနဲ့ ဝိုင်နဲ့ရောထားတဲ့ မူးယစ်ဆေးလိုမျိုး ပြီးတော့ အခြားတပ်မက်စရာကောင်းတဲ့ အရာတွေလိုမျိုး သူမရဲ့အာရုံကို ထွေပြားစေတယ်။
Kai သူမရဲ့ဂါဝန်ကို အောက်ထိဆွဲချလိုက်တယ်။ လိုချင်တပ်မက်မှုတွေက သူတို့ကိုချုပ်ကိုင်လိုက်တဲ့ အခါမှာ ဘယ်သူ့မှဂရုမစိုက်နိုင်ကြတော့ဘူး။ KyungSoo လည်းစိတ်မရှည်လာတာနဲ့ Kai ရဲ့အင်္ကျီကို ဆွဲဖြဲလိုက်တယ်။ကြယ်သီးတွေက ဟိုဟိုဒီဒီ လွင့်ထွက်ကုန်ပေမဲ့ အဲ့အချိန်သူမမြင်တာ သူ့ရဲ့ တောင့်တင်းတဲ့ခန္တာကိုယ်ပဲ။ သူမနှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်တယ်။ ဒီမြင်ကွင်းက သူတို့စတွေ့တဲ့နေ့တည်းက သူမစိတ်ကူးယဉ်ခဲ့တဲ့ မြင်ကွင်း ဆိုပေမဲ့ သူမစိတ်ကူးထဲကထပ် ပိုလှပလိမ့်မယ်လို့ တွေးမိမထားခဲ့တာ အမှန်ပဲ။သူက အပြစ်ပြောစရာမရှိအောင်ကို ချောမောတာ။အဲ့လို အရမ်းချောတဲ့လူတစ်ယောက်က သူမမျက်လုံးထဲ ဘယ်လိုများတည်ရှိနေနိုင်တာလဲ?? Kai ကသူမကိုအနားရောက်အောင် ပိုဆွဲလိုက်တယ်။ပြီးတော့ ဒူးနားထိရောက်နေတဲ့ သူမဂါဝန်ကိုကြမ်းပြင်ပေါ် ရောက်တဲ့အထိ ဆွဲချလိုက်တယ်။သူမက bra မဝတ်ထားတော့ တစ်ကိုယ်လုံးကို သူကပြုံးပြီးကြည့်နေတယ် ပြီးတော့သူမ တစ်ကိုယ်လုံးမှာ ကျန်တာဆိုလို့ အတွင်းခံတစ်ထည်ပဲ ရှိတော့တယ်။
သူမကိုကြည့်နေတဲ့အချိန်မှာ သူ့ရဲ့အသက်ရှုသံတွေက မြန်နေတယ် ပြီးတော့အဲဒါက ဆာလောင်နေတဲ့ သားရဲကောင်ကြီးနဲ့ အကြည့်ချင်းဆုံရသလိုမျိုး သူမကို တုန်လှုပ်စေတယ်...သူမရဲ့ ခွင့်ပြုချက်မတောင်းဘဲနဲ့ Kai ကသူမရဲ့လည်ပင်းကို နမ်းလိုက်တယ်။အဲဒါက KyungSoo ရဲ့သွေးတွေ ဆူပွက်လာစေတယ်ပြီးတော့ သူမနှလုံးခုန်သံကို မြန်စေတယ်....သူမရဲ့လက်တွေက သူ့ရဲ့နွေးထွေးမှုထဲမှာ လုံခြုံမှုရသလိုမျိုး သူ့ရဲ့ကျောပေါ်ကို ဖက်တွယ်ထားတယ်...သူမရဲ့အတွေးထဲမှာ ငရဲမှာရှိတဲ့ ကောင်းကင်ဘုံ ဒါမှမဟုတ် ကောင်းကင်ဘုံမှာရှိတဲ့ငရဲ ဒါမှမဟုတ် အခြားဘယ်သူမှ မသိနိုင်တဲ့ သုခဘုံ ကိုရောက်နေသလိုမျိုး အဓိပ္ပါယ်ဖွင့်နေတယ်။
Kai ကသူမရဲ့ အရသာရှိတဲ့ ကိုယ်သင်းနံ့ကို အာရုံခံရင်းနဲ့ မေးရိုးတစ်လျှောက်နမ်းနေတယ်
"ကိုယ်မင်းကို မလိုချင်ဘူးလို့ ဘယ်အရာတွေက ထင်စေတာလဲ" Kaiကသူမကို နမ်းနေရင်းကနေ မေးလိုက်တော့ သူမဆီက ညည်းသံ သဲ့သဲ့လေး ထွက်လာတယ်...
သူတို့နှုတ်ခမ်းတွေ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြတော့ Kai ဆီက ညှို့ယူဖမ်းစားနိုင်တဲ့ တေးသွားလိုမျိုး ညည်းသံထွက်လာခဲ့တယ်။ KyungSoo ရဲ့ခြေဗလာ ကုတင်စွန်းရောက်တဲ့အထိ သူတို့သတိမထားမိဘဲ ရွေ့သွားကြတယ်။ နောက်ဆုံး Kaiက သူမအပေါ်အုပ်မိုးလျက်ပဲ ပြုတ်ကျသွားတယ်။ သူ့ရဲ့ ထိတွေ့မှုတိုင်းက သူမခန္တာကိုယ်ကို ဓာတ်လိုက်သလို ခံစားမှုမျိုးကိုပေးစေတယ်။ပြီးတော့ သူမကလည်း သူ့ကို ရှေ့ဆက်ဖို့တိုက်တွန်းနေသလို ထိလည်းထိတွေ့နေတယ်....Kaiရဲ့ တုံ့ပြန်မှုကမယုံနိုင်စရာပဲ။သူမရဲ့ တစ်ကိုယ်လုံးကို အနမ်းတွေနဲ့တိုက်ခိုက်ပြီးတော့ နောက်ဆုံးကျန်တဲ့အဝတ်ကိုပါ ဖယ်ရှားလိုက်တယ်...ပြီးတော့ နေရာလပ်မကျန် သူလိုက်နမ်းနေတယ် သူ့ရဲ့ဆာလောင်မှုကို ခံစားမိလို့ KyungSoo အသက်ရှုသံတွေမြန်လာပြီး ညည်းတွားသံတွေ ထွက်လာတယ်....
YOU ARE READING
Summer Falter
FanfictionKyungsoo ရဲ့ဘဝနှစ်ခုလုံးမှာ အကောင်းရော အဆိုး ရော ဒွန်တွဲနေတယ် သူဟာ ယောကျာ်းလေးဘဝ မိန်းကလေးဘဝ တစ်နှစ်စီ နှစ်တိုင်းဖြစ်နေတယ် အဲဒါ ရောဂါ တစ်ခုမဟုတ်သလို ကျိန်စာ တစ်ခုလည်း မဟုတ်ပြန်ဘူး ကုသလို့လည်း မရဘူး Serious relationship ဆိုတာ Kyungsoo ဘဝမှာမရှိဘူး...