Jongin ရဲ့အသံက KyungSoo သူ့ကိုယ်သူ စိတ်နှင့်ကိုယ်နှင့်ကပ်အောင် ရုန်းကန်ခဲ့ရတဲ့ အကျဉ်းချမှုကို မောင်းထုတ်လိုက်သည်။
အကယ်၍ နာကျင်ခံစားရတဲ့သူက သူတစ်ယောက်တည်းသာဆို ခံနိုင်ရည်ရှိမှာဆိုပေမဲ့ Jongin ပါနာကျင်နေရတယ်ဆိုတဲ့အသိက သူ့ကိုအဆိပ်တွေနဲ့ ပြည့်နှက်နေတဲ့သမုဒ္ဒရာထဲ နစ်သထက်နစ်အောင်လုပ်နေသလိုပဲ.....
Jongin ရဲ့အက်ကွဲနေတဲ့အသံထဲမှာပျော်ဝင်နေတဲ့ သိသာလွန်းတဲ့ ခံစားနေရတဲ့ဝေဒနာက KyungSoo ရဲ့နှလုံးသားထဲမှာပါ တစ်ရစ်ဝဲဝဲနေသည်။
ပြီးတော့အဲ့ဒါက သူ့ကိုအဆုံးစွန်ထိဆွဲချနေတဲ့ အဆိပ်ပမာဏကိုတိုးပွားလာစေတယ်။Jongin ဆိုတဲ့ နာမည်က သူသိတဲ့တစ်ခုတည်းသော စာလုံးလိုမျိုး Jonginနာမည်ကို KyungSoo ထပ်ခါထပ်ခါအော်ခေါ်ရင်း ငိုကြွေးမိသည်။သူ့ရဲ့နောင်တတရားတွေက ကျော်လွန်သွားပေမယ့်လည်း သူဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကသာ အဲ့အချိန်တုန်းက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့တာလေ။
သူဘာမှမလုပ်နိုင်ခဲ့သလို Jongin ရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြစ်တွယ်ချန်လှပ်ခဲ့တဲ့ နာကျင်မှုကိုလည်း သူမဖယ်ရှားနိုင်ခဲ့ဘူး။ပြီးတော့ သူဘယ်လောက်ထိ စိတ်မကောင်းဖြစ်ရတယ်ဆိုတာပါ မပြောနိုင်ခဲ့ဘူး။သူငိုကြွေးနေရုံအပြင် ဘာမှမလုပ်နိုင်ခဲ့ဘူး။
Jongin ရဲ့ message တွေဖတ်ရတာက သူ့ကိုပိုပြီးနာကျင်စေရုံအပြင်မရှိတာမို့ သူတွေဝေခြင်းအလျဉ်းမရှိဘဲ အားလုံးကို Delete လုပ်ပစ်လိုက်တယ်။သူ့ရဲ့ ပြည့်လျှံပြီး အတားအဆီးကင်းမဲ့စွာကျနေတဲ့ မျက်ရည်တွေကိုသုတ်ပစ်လိုက်ပြီး ကျော်လွှားနိုင်ဖို့ သူကိုယ့်သူတွန်းအားပေးလိုက်ပေမဲ့ ဝေဒနာက ပြင်းထန်လွန်းနေတယ်။
သူဒီ့ထပ်ပိုပြီး ခံနိုင်ရည်ရှိသင့်တယ်ဆိုတာသိပေမဲ့ အခုတော့အချိန်မကျသေးဘူးထင်ပါရဲ့။သူ့အမေအိမ်က သူထွက်လာခဲ့တုန်းက ဘယ်လိုနည်းနဲ့မဆို နောက်တစ်ကြိမ်ထပ်ပြီး ကြေကွဲနေတဲ့နှလုံးသားတစ်စုံကို သယ်ဆောင်မလာတော့ပါဘူးလို့ သူကတိပေးခဲ့တယ်။
ဒါမှမဟုတ် သူ့ရဲ့ပျက်စီးသွားတဲ့ အချစ်ပုံပြင်ထဲမှာ နေထိုင်ဖို့ သူ့ကိုယ်သူခွင့်ပြုတယ်ဆိုရင်တောင်မှပဲ ကုစားဖို့ငြင်းပယ်ထားတဲ့အချို့အရာတွေရှိနေဦးမှာပဲလေ...
YOU ARE READING
Summer Falter
FanfictionKyungsoo ရဲ့ဘဝနှစ်ခုလုံးမှာ အကောင်းရော အဆိုး ရော ဒွန်တွဲနေတယ် သူဟာ ယောကျာ်းလေးဘဝ မိန်းကလေးဘဝ တစ်နှစ်စီ နှစ်တိုင်းဖြစ်နေတယ် အဲဒါ ရောဂါ တစ်ခုမဟုတ်သလို ကျိန်စာ တစ်ခုလည်း မဟုတ်ပြန်ဘူး ကုသလို့လည်း မရဘူး Serious relationship ဆိုတာ Kyungsoo ဘဝမှာမရှိဘူး...