Chapter 6(A)

1.4K 154 20
                                    

         Jongin homosexuality ဆိုတာကြီးကို သဘောမကျဘူး။ သူ့အတွက်တော့ အဲ့ဒါက လူ့သဘာဝအတွက် သတ်မှတ်ထားတဲ့ စည်းဘောင်ကို ဆန့်ကျင်နေတာပဲ။ ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖျက်ဆီးနေတာ။

     ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် သူ့အဖေပဲ။ သူ့အဖေက လူကောင်းတစ်ယောက်ပါ။ သူတို့မိသားစုရဲ့ လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးတယ်။တန်ဖိုးရှိတဲ့အရာတွေအားလုံး နဲ့ ဇိမ်ခံပစ္စည်းတွေအစရှိတဲ့အရာတွေအားလုံးကို လိုက်လျောပြီးပေးပေမဲ့ သူ့အဖေက အနည်းငယ် ညစ်ပတ်တဲ့ လျှို့ဝှက်ချက် တစ်ခုကို ဖုန်းကွယ်ထားခဲ့တယ်။

    သူက bi ဆိုတဲ့ လျှို့ဝှက်ချက်။ တစ်မျိုးအနေနဲ့ အတိုချုံ့ပြောရမယ်ဆိုရင် gay။ အဲ့ဒါကြောင့် Jongin အမေက သူမရဲ့ မိန်းမသဘာဝလိုအပ်ချက်တွေကို ရိုးအီသွားတဲ့အထိ ဖြည်းဆည်းပေးနိုင်တဲ့ အခြားယောက်ျားတစ်ယောက် ( တကယ့်အစစ်အမှန်ယောက်ျားတစ်ယောက်) ဆီက အချစ်ကို ရှာဖွေခဲ့တယ်လေ။

     ပြီးတော့ အဲ့ဖြစ်ရပ်က  Jongin ရဲ့ ပြီးပြည့်စုံပြီး သာယာလှပတဲ့မိသားစုတစ်ခုအပေါ်ထားတဲ့ အမြင်တွေကို အစိတ်စိတ်အမွှာမွှာ ကွဲအောင် လုပ်ခဲ့ပြီးပြီ။

     သူ့အကို Jonghyun ကလည်းသူ့အဖေအပေါ် အာဃာတထားပြီး အရွဲ့တိုက်ခဲ့တယ်။ပြီးတော့ သူတို့ တစ်မိသားစုလုံးအပေါ်ရောပဲ။ သူအရမ်းရှက်မိတယ်။ ဒီလိုအရှက်မရှိတဲ့လုပ်ရပ်အတွက် သူဘယ်တော့မှ လုံးဝခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။  ဒီလိုမကိုက်ညီ မအပ်စပ်တဲ့အရာကို လက်မခံနိုင်တဲ့
လူ့အဖွဲ့အစည်းမျိုးမှာ အခုလိုဖြစ်နေတဲ့ သူ့အဖေကိုပဲ Jongin အပြစ်တင်နိုင်တော့တယ်။

     သူ့သူငယ်ချင်းအချို့ကလည်း Homosexual တွေပါ။ပြီးတော့ အဲဒီ့အရာက သူ့ကို ဦးနှောက်ခြောက်စေတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက အော်ဂလီဆန်စရာကောင်းပြီး စက်ဆုပ်စရာကောင်းတယ်။ အဲ့လိုဆိုပြီး သူအဲ့ဒါကို သူတို့ကိုတိုက်ရိုက်ကြီး သွားပြောလို့မရနိုင်ဘူးလေ။ friendship ဆိုတာ လက်ခံမှုကို ဆိုလိုတာဖြစ်လို့ Jongin အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဂရုမစိုက်မိအောင် ကြိုးစားပြီး  နေလိုက်တယ်။

Summer FalterWhere stories live. Discover now