Jongin သူမကို အဆုံးစီရင်ဖို့အတွက် KyungSoon ကိုပြန်လိုချင်တယ်။သူရဲ့တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ သူမေ့နေခဲ့တာပဲ။ ဒါပေမဲ့ လှပတဲ့ အမှတ်တရတွေအားလုံးက အိမ်မက်ဆိုးတွေဖြစ်လာခဲ့တယ်။ပြီးတော့ သူ့ရဲ့အချစ်တွေအားလုံးကို မနှစ်မြို့မှုက ဝါးမြိုသွားခဲ့ပြီ။
သူ့အတွက် ဘာဆိုဘာမှမကျန်ခဲ့ဘဲ ချန်ထားခံခဲ့ရတယ်။အနိုင်ရဖို့အတွက် ဘာတစ်ခုမှမရှိဘူးဆိုတာသိရဲ့နဲ့ သူ့နှလုံးသားတစ်ခုလုံးကို လောင်းကြေးထပ်ခဲ့တယ်။
သူ့ရဲ့အမုန်းတရားတွေက ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ သူ အခုထိရှေ့မဆက်နိုင်သေးဘူး။အတိတ်ကနေ ခက်ခက်ခဲခဲရုန်းထွက်ဖို့ကြိုးစားနေရတဲ့ သူ့ရဲ့အခုလိုအခြေအနေတစ်ရပ်လုံးရယ်နဲ့ ပြီးတော့ သူမကိုတွေ့ဖို့လိုအပ်တယ်။ဒီဒေါသတွေ...ဒီနာကျင်မှုကိုထွက်ပေါက်ပေးဖို့ လိုအပ်တယ်။
ပြီးတော့ သူ့ကိုယ်သူရပ်တန့်ပစ်ဖို့ ထိန်းချုပ်နိုင်တဲ့ လမ်းခွဲစကားကို သူကြားချင်တယ်။အဲ့ဒါက ရူးသွပ်မှုပဲ။
နေ့ရက်တိုင်းရဲ့အဆုံးသတ်တွေမှာ KyungSoon လို့ခေါ်တဲ့ မီးအိမ်ရှင်လေးရဲ့ သတင်းအစအနတွေကို အခုထိ ရှာဖွေနေဆဲဆိုတာကလည်း ရူးသွပ်မှုပဲ။
သူစက်ဆုပ်အရွံရှာဆုံးဖြစ်တဲ့သူမနဲ့ ပတ်သတ်တဲ့မှတ်ဥာဏ်တွေထဲ သူ့ကိုယ်သူနစ်မြုပ်စေအောင် အခုထိ တောင့်ခံထားတာကလည်း ရူးသွပ်မှုပဲ။ပြီးတော့ အဲ့ဒီ စက်ဆုပ်ရွံရှာမှုဆိုတာကလည်း သူထွက်ပြေးရုန်းကန်နိုင်လောက်တဲ့အထိ မလုံလောက်ဘူးလေ....
သူရူးနေပြီ
ပြီးတော့ အရာအားလုံးကို သူမုန်းတယ်။
လူတိုင်း....
ကမ္ဘာကြီးတစ်ခုလုံး.....သူနိုးလာတော့ သူ့ကိုပထမဆုံး စိတ်အနှောင့်အယှက်ပေးတာက မနက်စာအနံ့ပဲ။
Jongin အိပ်ရာပေါ်ကနေ လေးဖင့်စွာထလာတဲ့အချိန် မီးဖိုချောင်ထဲမှာ သီချင်းညီးနေတဲ့ သူ့အခန်းဖော်ရဲ့အသံကို မတတ်သာဘဲ ကြားနေရတော့ သူ ညည်းညူလိုက်တယ်။
ဒီသူစိမ်းက သူနဲ့အတူနေနေတာ အခုဆို တစ်ပတ်ရှိနေပြီ။ ပြီးတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် အဲ့တစ်ယောက်ရဲ့တည်ရှိမှုက သူ့ကိုအာရုံနောက်စေတယ်။
YOU ARE READING
Summer Falter
FanfictionKyungsoo ရဲ့ဘဝနှစ်ခုလုံးမှာ အကောင်းရော အဆိုး ရော ဒွန်တွဲနေတယ် သူဟာ ယောကျာ်းလေးဘဝ မိန်းကလေးဘဝ တစ်နှစ်စီ နှစ်တိုင်းဖြစ်နေတယ် အဲဒါ ရောဂါ တစ်ခုမဟုတ်သလို ကျိန်စာ တစ်ခုလည်း မဟုတ်ပြန်ဘူး ကုသလို့လည်း မရဘူး Serious relationship ဆိုတာ Kyungsoo ဘဝမှာမရှိဘူး...