1

16K 691 42
                                    

" ဦး "

ခပ်ချွဲချွဲအသံကြောင့် ကျွန်တော်အလိုမကျစွာလှမ်း
ကြည့်မိလေရဲ့

ဒီအချိန်ဟာ ငယ်ပြန်လာသင့်ရမယ့်အချိန်ထက်
အတော်နောက်ကျနေပြီဖြစ်သည်

" ဦး "

" ... "

" ဦး ငယ့်ကိုစိတ်ဆိုးနေတာလားဟင် "

" အပိုတွေပြောမနေနဲ့ ငယ် အပေါ်တက်အဝတ်စားလဲ
တော့ ခဏနေ Min Hee လာလိမ့်မယ် "

ဆူဆူဆောင့်ဆောင့်နဲ့ ငယ်ဟာအပေါ်ထပ်ပြေးတက်
သွားလေတယ်

ငယ်ကြောက်တဲ့အရာဆိုလို့ လောကကြီးမှာ Min Hee တစ်ယောက်ဘဲရှိလိမ့်မည်ထင်

" ပြီးပြီ ဦး ဦးရဲ့ Min Hee ကအရမ်းစိတ်ပျက်ဖို့
ကောင်းတာဘဲ ငယ်ဗိုက်ဆာနေပါပြီဆို "

အလိုမကျစွာပြောနေတဲ့ ငယ့်ကိုငဲ့စောင်းကြည့်မိရဲ့

ဖန်တရာတေနေတဲ့ဇာတ်လမ်းတွေထဲကလို ငယ်ဟာ
ကျွန်တော့်အားချစ်နေသူမဟုတ်ခဲ့

ငယ်ဟာ သူ့ဘဝလေးကိုအပူပင်မရှိဖြတ်သန်းချင်သူ
ဖြစ်လေသည်

အဟင်း အသက်ကြီးလာကာမှ ငယ်တစ်ယောက်နဲ့
ကျွန်တော်တော့ခက်ပါရဲ့

" ဟော ကြည့် Yi Fan ရေ ငယ်တစ်ယောက်တော့
ငါ့ကိုစိတ်ကောက်နေပြီထင်တယ် "

ဗို့အားတစ်ထောင်လောက်ရှိမယ့်မျက်လုံးအားနဲ့ကြည့်
လိုက်တော့မှ Min Hee စကားတွေမြန်မြန်ပြင်
ဆင်လိုက်ရဲ့

တကယ်မကြိုက် တော်တော့်ကိုမုန်းတီးစရာကောင်းလွန်းလှသည်

ငယ့်ကိုသူများတွေ ငယ်လို့ခေါ်သည်ကိုကျွန်တော်
မကြိုက်

ငယ်ဟူသောနာမ်စားစကားလုံးလေးသည် ကျွန်တော်
တစ်ယောက်တည်းအတွက်သာသီးသန့်ဖြစ်စေရမည်

" Chan လေး အမနောက်ကျသွားတယ်ကွာ ကား
လမ်းပိတ်နေတာနဲ့ဘဲ ဗိုက်ဆာလို့စိတ်တိုနေပြီလား "

ခပ်ဖောင်းဖောင်းပါးလေးကိုချစ်စနိုးလှမ်းဆွဲလိုက်လေ
ရာ ကျွန်တော့်သွေးတက်သွားရသည်

Min Hee ကို ငယ်သဝန်တိုစေရန်အတွက်
အိမ်သို့မကြာခဏထမင်းစားဖိတ်ခြင်းသည် တကယ်
တမ်းကြ ကျွန်တော့်လည်ပင်းကိုကျွန်တော်ပြန်၍ကြိုး
ကွင်းပြန်စွပ်ခြင်းသာဖြစ်ခဲ့လေသည်

ငယ့်၏ဦးWhere stories live. Discover now