Spike 4

1.2K 170 6
                                    

("ငါတို့ လမ်းခွဲကြမယ်..U"

သခင်ယေရှု၏ရုပ်ထုရှေ့က ဟိန်းထွက်လာသော စကားသံသြသြသည် ခပ်လှမ်းလှမ်းဝတ်ပြု ဆုတောင်းရာ ထိုင်ခုံ ညိုညိုပေါ်ဆီက ရွှေအိုရောင်ဆံပင်နှင့် မျက်လုံးမှေးမှေး ကောင်လေးကို ရည်ညွှန်းခြင်းဖြစ်သည်.

ဖတ်လက်စ သမ္မာကျမ်းစာအုပ်ကိုခပ်နွမ်းနွမ်းကို ပိတ်ပြီး သခင်ယေရှုကို ငေးမောစွာကြည့်လိုက်ကာ.

"ပြောစရာ ဆိုတာ ဒါလား?
ကျွန်တော်တို့ရဲ့
အဆုံးသတ်ဆိုတာ ဒီလို ပုံစံလား?
ကျွန်တော်ဘာတွေကို
ရင်းနှီးပစ်လိုက်ရလဲသိရဲ့လား?
ကျွန်တော့အချစ်တွေသည်းခံမှုတွေကို
စမ်းသပ်နေတာလား?"

ကြေကွဲစွာ အော်ဟစ်ချင်သည့်အစား အသံကို အေးအေးဆေးဆေး ဟန်ဆောင်ရင်း ကျွန်တော်မေးတယ်

"မေ့လိုက်...ဒါတွေက အထင်မှားခြင်းတွေဘဲU"

ဘာကိုလဲ Chanyeol.နှစ်ဦးသဘောတူ ဖြတ်ကျော်ခဲ့တဲ့ ညတွေဟာ ကျွန်တော်တို့ နှစ်ဦးသဘောတူဘဲလေ.

"မေ့လိုက်...အားလုံးပုံပြင်တွေလိုသဘောထားပြီး"

ကျောခိုင်းထားတဲ့သူဟာကျွန်တော့်ဘက်ကိုလှည့်လာ
ပြီးခံစားချက်မဲ့တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးပြော
တယ် အရင်ကချိုသာတယ်လို့ ထင်တဲ့ သူ့အသံဟာ တဂယ်တော့ သြသြရှရှနဲ့...နှင်းဆီနုရောင် နှုတ်ခမ်းပားတွေက ခပ်တွန့်တွန့်ပြုံးရင်း

"တဂယ် လမ်းခွဲမှာပေါ့.."
နောက်ဆုံးအနေနဲ့ မေးလိုက်တယ်.

"ရော....ခက်ပါ့ KyungUရာ.
ဒါမျိုးနောက်စရာမှတ်လို့"

သူ့ဆီကအဖြေစကားကြားရတဲ့အခါ လက်ထဲက သမ္မာကျမ်းစာအုပ်နဲ့ သူ့ကို ကျွန်တော် ပစ်ပေါက်လိုက်တယ်..ပြီးတော့ ကျောခိုင်းလို့

"၁၉နှစ်ပြည့်မွေးနေ့မှာ ပျော်ရွင်ပါစေ U."

လိုလို့လား.? မဖတ်ချင်တော့လို့ စုတ်ဖြဲ ပစ်လိုက်တဲ့ ပုံပြင်တစ်ပုဒ်ရဲ့ မွေးဖွားခြင်းအတွက် သူဆုတောင်းပေးသင့်သလား...)

SpikeWhere stories live. Discover now