Spike16

639 100 23
                                    

နှစ်ကူးပြီးလို့ပြန်လာတာကြာပြီဖြစ်တဲ့ YifanဟာKyungSooကိုမဆက်သွယ်နိုင်ခဲ့ဘူး...Yifanဟာ Kyungsooအခန်းကတွေ့ခဲ့တဲ့ကုတ်အင်္ကျီတစ်ထည်နဲ့စာအုပ်တစ်အုပ် နှစ်အုပ်ထည့်ထားတဲ့ပုံးကို  သူ့စားပွဲပေါ်တင်ရင်း ညစဉ်ညတိုင်းခပ်တွေတွေမှိုင်မှိုင်ဖြစ်နေတယ်.. Kyungsooဟာသူနဲ့ဖုန်းအဆက်အသွယ်ရှိနေပါလျက်Chanyeolနဲ့
တပ်မှာ တစ်ခန်းတည်းနေရတဲ့အကြောင်းကို မပြောပြခဲ့ဘူး အဲ့ဒီစက္ကူပုံးထဲက ကုတ်အင်္ကျီရဲ့လက်ဖျားမှာ
Chanyeolလို့ ရေးထားတာဟာ yifanကိုခေါင်းရှုပ်စေတယ်..အဲ့ထဲကစာအုပ်ကိုယူဖတ်ကြည့်တော့ အဝါရောင်နဲ့တားထားတဲ့ ပလေတိုရဲ့စာသားတွေကို Yifanနားမလည်.သူကအချစ်ကိုစာတွေသဘောမျိုးရတာမဟုတ် သူကလက်တွေ့ပဲချစ်မယ် ဂရုစိုက်မယ် စာတွေဖတ်ပြီးနုနုယွယွ လုပ်မနေချင်ဘူး သူအဲ့လိုဒသန စာအုပ်တွေ သိပ်နားမလည်လိုဘူး နားလဲမလည်ချင်ဘူး..ဒါပေမဲ့ စာမျက်နှာ ၂၂၉က အဝါနဲ့တားထားတဲ့ စာသားဘေးက
"ခင်ဗျားကိုစိတ်ဝင်စားလိုက်တာ C.Y ရင်တွေခုန်နေတာထိန်းမရဘူး"(အပိုင်း၂ရဲ့အစပိုင်းလေးကိုပြန်ဖတ်ကြည့်လိုက်နော်)လို့ရေးထားတဲ့လွင့်ပြယ်စ လက်ရေးကိုတော့
သူနားလည်ချင်တယ်ဒါKyungsoo
လက်ရေးမှ စစ်စစ် Oldschoolနှစ်သက်တဲ့yifanက သူနဲ့kyungsooရဲ့ပတ်သတ်မှုကိုအချိန်ပေးလေးနက်စေချင်တာကြောင့် တယောက်ကိုတယောက် အခြေအနေထူးထူးခြားခြားလေးပြောဖို့ရှိရင် ဖုန်းမက်ဆေ့တွေအစား ကိုယ်တိုင်ရေးပြီး အပြန်အလှန်စာပို့ကြတာကြောင့် သူလက်ရေးကိုသေသေချာချာလေးသိတယ် Chanyeolလို့သေချာမရေးထားပေမဲ့ ကုတ်အင်္ကျီကChanyeolရယ်
C.Yရယ် တပ်ထဲမှာတူတူကျကြောင်းပြောမပြတာရယ် တိုက်ဆိုင်မှုတော့ဟုတ်မယ်မထင်ဘူး."ဟင်း........."
သူသာပြန်ကြားနိုင်မဲ့အသံလောက်နဲ့
သက်ပြင်းကိုခပ်ဖြေးဖြေးချတယ်...

"ကိုယ်ဘယ်လိုရင်ဆိုင်လာရလဲဘမင်းသိလား KyungSoo ကိုယ်က
နောက်တခါနှစ်ကူးကျ အိမ်မပြန်နိုင်တော့ဘူး..ကိုယ်ရွေးချယ်ခဲ့ပြီးပြီ.ကို်ယ်ကြောက်တယ် Yinger
ထိပ်တိုက်မေးဖို့်လဲ ကိုယ်မလုပ်ရဲဖူး.
ကိုယ့်ထက်တော့အချိန်ပိုခဲ့ကြမှာပဲ
.ဖြစ်ရပ်တွေရော အခုလဲတဆောင်
တည်းတခန်းတည်း"

Yifanဟာကတုန်းကယင်ပဲ ဘေးကအရက်ခွက်ကိုမော့ချလိုက်ရတယ်....ရင်ထဲပူနေမှာ သူနည်းနည်းအဆင်ပြေတယ်.....

SpikeWhere stories live. Discover now