SPIKE 12

1K 171 37
                                    

ရှေ့စားပွဲပေါ် ကရေခွက်အလွတ်သုံးခွက်ကိုသာသူစိုက်ကြည့်နေသည်
.ဒေါက်ဖိနပ် သံသည် ကြိမ်နှုန်းမှန်
မှန်ဖြင့်သူထိုင်နေရာ စားပွဲခုံဆီသို့
ဝင်ရောက်လာသည်..

"ဆရာ..ဒီမှာရေ "

စားပွဲထိုးအစ်မ၏အသံသည်
ညိမ့်ညောင်းစွာ ပေါ်ထွက်လာပြီး
ရေတစ်ဖန်ခွက်ကိုစားပွဲပေါ်သို့
ထပ်ချပေးပြန်သည်  ထိုရေအား
သူတစ်ခေါက်ထည်းမော့ချလိုက်ပြန်
သည်.ထို့နောက်.....

"ဘာလဲ Chanyeolမင်းဘာပြောချင်လို့လဲ ငါ့ရဲ့ခွင့်ရက်ကို မင်းနဲ့ပဲကုန်ဆုံးမသွားချင်ဘူး ငါ့ချစ်သူနဲ့တွေ့ဖို့ယူလာတာ ခွင့်က မင်းမဟုတ်ဘူး . "

"ကိုယ် .ကိုယ်တို့. အရင်ကလိုဆက်ဆံရေးမျိုး ပြန်နေကြမယ်"

"ဘယ်ဆက်ဆံရေးလဲ.တခြားသူကြားရင်တမျိုးထင်ကုန်မယ် ငါတို့ဆက်ဆံရေးကရှင်းလင်းခဲ့တယ်လေ ငါကDoအိမ်တော်ရဲ့သခင်လေးမင်းကအိမ်ထိန်းရဲ့သား."

"ဒါပဲလား..."

နက်မှောင်သော မျက်ဝန်းတို့သည် ကျွန်တော့အားစူးစိုက်ကြည့်ပြီး မေးလိုက်တဲ့မေးခွန်း.ထိုမျက်ဝန်းတို့အား
ခုခံ နိုင်စွမ်းမရှိသော ကျွန်တော်သည် ဘေးကဖြတ်လျှောက်သွားသည့် စားပွဲထိုးအား capachino double
၁ခွက်လှမ်းမှာခြင်းဖြင့်ရှောင်လွှဲလိုက်
သည်.ငြိမ်သက်သွားသောအခြေအနေသည် စိတ်အားအင်မတန်
ငြိမ်းအေးချမ်းသာမှုပြု၏...

"Yifan ကို..ချစ်တာလား ဒါမှမဟုတ်
အစားထိုးတာလား တစ်ယောက်ယောက်ရဲ့နေရာ.. "

ကျွန်တော်တဂယ်ပဲနားမလည်နိုင်
ဘူး..Chanyeolကကျွန်တော့်ကို သူ့စိတ်နဲ့ ယှဉ်နေတာလား သူက Byun Baekhyun နေရာမှာ ကျွန်
တော့်ကိုအစားထိုးဖို့စဉ်းစားသလိုမျိုး
သူဘာဖြစ်ချင်နေတာလဲ ဘာလို့၈
နှစ်ပြီးဆုံးပြီးမှ အသစ်စနေတဲ့ ကျွန်
တော့်ဘဝထဲပြန်ဝင်ဖို့အရိပ်အယောင်တွေပြနေရသလဲ...

"Chanyeol မင်းတော့ဘယ်လိုတွေးနေမယ် ငါမသိဘူး  ဒါပေမဲ့.. "

"တိမ်းညွှတ်ခဲ့တယ်.. ပြီးတော့ချစ်ခဲ့တယ်"

ခပ်စစဖြင့်တော့ ပြုံးမိပါသည်.
ရင်ခုန်ခြင်း အလျင်းလဲရှိနေခဲ့သည်.
ထိုနေ့က Capachino ကသကြား
ဖောက်မထည့်ဘဲ ထူးထူးခြားခြား ချိုမြနေကြောင်း ကျွန်တော်ကိုယ်
တိုင်သိခဲ့သည်.

SpikeWhere stories live. Discover now